Quran with Burmese translation - Surah Al-‘Ankabut ayat 69 - العَنكبُوت - Page - Juz 21
﴿وَٱلَّذِينَ جَٰهَدُواْ فِينَا لَنَهۡدِيَنَّهُمۡ سُبُلَنَاۚ وَإِنَّ ٱللَّهَ لَمَعَ ٱلۡمُحۡسِنِينَ ﴾
[العَنكبُوت: 69]
﴿والذين جاهدوا فينا لنهدينهم سبلنا وإن الله لمع المحسنين﴾ [العَنكبُوت: 69]
Ba Sein ၆၉။ ငါ၏သာသနာတော်တွင် ကြိုးစားအားထုတ်သူတို့ကိုမူကား ငါသည် သူတို့အား ငါ၏လမ်းတော်ကို မုချဧကန် ညွှန်ပြတော်မူ၏၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် သူတော်ကောင်းတို့နှင့်အတူတကွရှိတော်မူ၏။ |
Ghazi Mohammad Hashim သို့ရာတွင် ငါအရှင်မြတ်၏ လမ်းတော်၌ သက်စွန့်ကြိုးပမ်း ဆောင်ရွက်ကြကုန်သော သူတို့မှာမူကား ငါအရှင်မြတ်သည် မိမိလမ်းများကို ၎င်းတို့အား မချွတ်မလွဲ ပြသတော်မူပေမည်။ ထိုမှတစ်ပါး မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် သူတော်ကောင်းတို့နှင့် အတူတကွ အမှန်ပင် ရှိတော်မူပေသတည်း။ |
Hashim Tin Myint ထို့ပြင် ငါအရှင်မြတ်၏လမ်းတော်တွင် သက်စွန့်ကြိုးပမ်းဆောင်ရွက်ကြသောသူများကမူ* ငါအရှင်မြတ်သည် ၎င်းတို့အား မိမိ၏လမ်းများကို အမှန်စင်စစ် ပြသတော်မူမည်။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကောင်းကျိုးဆောင်ရွက်သူများနှင့်အတူတကွ ရှိတော်မူသည်။ |