Quran with Burmese translation - Surah al-‘Imran ayat 110 - آل عِمران - Page - Juz 4
﴿كُنتُمۡ خَيۡرَ أُمَّةٍ أُخۡرِجَتۡ لِلنَّاسِ تَأۡمُرُونَ بِٱلۡمَعۡرُوفِ وَتَنۡهَوۡنَ عَنِ ٱلۡمُنكَرِ وَتُؤۡمِنُونَ بِٱللَّهِۗ وَلَوۡ ءَامَنَ أَهۡلُ ٱلۡكِتَٰبِ لَكَانَ خَيۡرٗا لَّهُمۚ مِّنۡهُمُ ٱلۡمُؤۡمِنُونَ وَأَكۡثَرُهُمُ ٱلۡفَٰسِقُونَ ﴾
[آل عِمران: 110]
﴿كنتم خير أمة أخرجت للناس تأمرون بالمعروف وتنهون عن المنكر وتؤمنون بالله﴾ [آل عِمران: 110]
Ba Sein ၁၁ဝ။ လူသားတို့အတွက် အသျှင်မြတ်ဖန်ဆင်းသော လူမျိုးတို့တွင် သင်တို့သည် အထွဋ်မြတ်ဆုံး ဖြစ်ကြသော လူစုဖြစ်၏။ သင်တို့သည် မှန်ကန်သော အကျင့်အကြံကို ဆင့်ဆိုကြ၏။ ယုတ်မာညစ်ပတ်မှုကို တားမြစ်ကြ၏။ အလ္လာဟ်အသျှင်မြတ်အား ယုံကြည်ကြ၏။ အကယ်၍ ရှေးကျမ်းတော်ရရှိသူတို့သည် ယုံကြည်ခဲ့ကြလျှင် သူတို့အဖို့ ကောင်းလေစွ။ သူတို့အနက် အချို့သူတို့၌ ယုံကြည့်ခြင်းတရားရှိ၏။ သို့သော် သူတို့အနက် အများအပြားတို့သည် မကောင်းမှုကျူးလွန်သူများ ဖြစ်ကြ၏။ |
Ghazi Mohammad Hashim (အို-မုစ်လင်မ်အပေါင်းတို့) အသင်တို့သည် လူခပင်းတို့အဖို့ (တရားဓမ္မ ညွှန်ကြားရန်အလို့ငှာ) ထွက်ပေါ်လာကြကုန်သော အကောင်းဆုံးသော သာသနာဝင် လူစုပင်တည်း။(အကြောင်းမူကား) အသင်တို့သည် ကောင်းမြတ်သော ကိစ္စများကို (ပြုလုပ်ကြရန်) ညွှန်ကြားကြသည့်ပြင် စက်ဆုပ် ရွံ့ရှာဖွယ် ရာများမှလည်း မြစ်တားကြကုန်၏။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ် ကိုလည်း ယုံကြည်ကြကုန်၏။အကယ်၍သာ (အထက်)ကျမ်းဂန်ရရှိသူတို့သည်လည်း (အသင်တို့ကဲ့သို့ပင်) ယုံကြည်ကြပါမူ၊ မုချ ယင်းသူတို့အဖို့ (ထိုယုံကြည်ခင်းသည်) သာ၍ပင် ကောင်းချေသည်။ ယင်းသူ တို့အနက်မှ(အချို့) ယုံကြည်သော သူများလည်း ရှိကြပေသည်။ သို့ရာတွင်ထိုသူများအနက် အများဆုံးသော သူများမှာမူကားအမိန့်တော်ကို မနာခံသူများ (ဝါ) (ကာဖိရ်များ)သာ ဖြစ်ကြပေသတည်း။ |
Hashim Tin Myint အသင်တို့သည် လူများအတွက် ထုတ်ဖော်ခြင်းခံရသော အကောင်းဆုံးအုပ်စုဖြစ်သည်။* (အဘယ့်ကြောင့်ဆိုသော်)အသင်တို့သည် ကောင်းရာများကို ညွှန်ကြားပြီး စက်ဆုပ်ဖွယ်ရာများမှ တားမြစ်ကြသည်။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်း ယုံကြည်ကြသည်။* ထို့ပြင် အကယ်၍ ကျမ်းရသူများသည် အီမာန်ယုံကြည်ခဲ့ကြမည်ဆိုလျှင် အမှန်ပင် သူတို့အတွက် ပိုကောင်းသည်။ သူတို့ထဲတွင် ယုံကြည်သူများလည်းရှိသည်၊* ၎င်းပြင် သူတို့ထဲမှ အများစုသည် အမိန့်မနာခံ ဖီဆန်သူများပင် ဖြစ်ကြသည်။ |