×

သူတို့က သင်တို့ကို (မတရားစွပ်စွဲ၍ ဝေဖန်ပြောဆိုရေးသားခြင်းဖြင့်) စိတ်ထိခိုက်စေခြင်းမှ မည်သည့်အခါမျှ အန္တရာယ်ပြုနိုင်ကြမည် မဟုတ်ပေ။ အကယ်၍ သူတို့က သင်တို့နှင့်စစ်မက်ပြိုင်တိုက်ခိုက်ကြလျှင်လည်း ကျောခိုင်း၍ 3:111 Burmese translation

Quran infoBurmeseSurah al-‘Imran ⮕ (3:111) ayat 111 in Burmese

3:111 Surah al-‘Imran ayat 111 in Burmese (البورمية)

Quran with Burmese translation - Surah al-‘Imran ayat 111 - آل عِمران - Page - Juz 4

﴿لَن يَضُرُّوكُمۡ إِلَّآ أَذٗىۖ وَإِن يُقَٰتِلُوكُمۡ يُوَلُّوكُمُ ٱلۡأَدۡبَارَ ثُمَّ لَا يُنصَرُونَ ﴾
[آل عِمران: 111]

သူတို့က သင်တို့ကို (မတရားစွပ်စွဲ၍ ဝေဖန်ပြောဆိုရေးသားခြင်းဖြင့်) စိတ်ထိခိုက်စေခြင်းမှ မည်သည့်အခါမျှ အန္တရာယ်ပြုနိုင်ကြမည် မဟုတ်ပေ။ အကယ်၍ သူတို့က သင်တို့နှင့်စစ်မက်ပြိုင်တိုက်ခိုက်ကြလျှင်လည်း ကျောခိုင်း၍ ထွက်ပြေးရုံသာ ရှိ၏။ ထို့နောက် သူတို့အား ကူညီခြင်းလည်း ခံကြရလိမ့်မည်မဟုတ်ပေ။

❮ Previous Next ❯

ترجمة: لن يضروكم إلا أذى وإن يقاتلوكم يولوكم الأدبار ثم لا ينصرون, باللغة البورمية

﴿لن يضروكم إلا أذى وإن يقاتلوكم يولوكم الأدبار ثم لا ينصرون﴾ [آل عِمران: 111]

Ba Sein
၁၁၁။ အနည်းငယ်နစ်နာမှုမှတစ်ပါး သူတို့သည် သင်တို့အား ဘေးပြုနိုင်မည်မဟုတ်ပေ။ သူတို့သည် သင်တို့အား တိုက်ခိုက်ကြလျှင် သူတို့သည် ကျောခိုင်းလျက်ထွက်ပြေးကြလိမ့်မည်။ ထို့နောက် သူတို့သည် အသျှင်မြတ်၏ အကူအညီတော်ကို ရမည်မဟုတ်ပေ။
Ghazi Mohammad Hashim
ယင်း(ကျမ်းဂန်ရရှိသော) သူတို့သည်(မည်မျှပင်ရန်ရှာကြသော်လည်း) အသင်တို့အား အနည်းငယ်မျှသောအန္တရာယ်ဖြစ်စေနိုင်ရုံမျှမှအပ ဆုံးရှုံးနစ်နာ ပျက်စီးလေအောင်အလျင်းပြုနိုင်ကြမည် မဟုတ်ချေ။ တဖန် အကယ်၍သာယင်းသူတို့ သည် (တဆင့်တိုး၍) အသင်တို့နှင့် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြပါမူ၊ ယင်းသူတို့သည် အသင်တို့ဘက်သို့ ကျောခိုင်း၍ ထွက်ပြေးကြလတံ္တ။ ထို့နောက် ယင်းသူတို့သည် (မည်သူတစုံတယောက်သောသူ၏) ကူညီစောင်မခြင်းကိုမျှ ခံကြရမည်မဟုတ်ပေ။
Hashim Tin Myint
သူတို့သည် အသင်တို့အား နားမခံချိမခံသာ(အန္တရာယ်)*ဖြစ်‌စေရန် ပြုလုပ်သည်မှလွဲ၍ အသင်တို့အား ဆုံးရှုံးနစ်နာပျက်စီး‌အောင် မည်သည့်အခါမှ လုပ်နိုင်မည်မဟုတ်‌ပေ။ ၎င်းပြင် အကယ်၍ သူတို့သည် အသင်တို့အား ရင်ဆိုင်တိုက်ခိုက်ကြမည်ဆိုလျှင်လည်း သူတို့သည် အသင်တို့အား ‌ကျောခိုင်းပြီး ထွက်‌ပြေးသွားကြလိမ့်မည်။ ထို့‌နောက် သူတို့သည် ကူညီခြင်း ခံကြရမည် မဟုတ်‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek