×

အကယ်၍ သင်တို့၌ ကောင်းကျိုးချမ်းသာဖြစ်စေမည့် အပြစ်အပျက် တစ်စုံတစ်ခု ဖြစ်ပေါ်လာခဲ့လျှင် သူတို့သည် ဝမ်းနည်းကြေကွဲ၍ စိတ်ဒုက္ခရောက်စေ၏။ အကယ်၍ အသင်တို့၌ ကံဆိုးမည်းမှောင်ကျမှု 3:120 Burmese translation

Quran infoBurmeseSurah al-‘Imran ⮕ (3:120) ayat 120 in Burmese

3:120 Surah al-‘Imran ayat 120 in Burmese (البورمية)

Quran with Burmese translation - Surah al-‘Imran ayat 120 - آل عِمران - Page - Juz 4

﴿إِن تَمۡسَسۡكُمۡ حَسَنَةٞ تَسُؤۡهُمۡ وَإِن تُصِبۡكُمۡ سَيِّئَةٞ يَفۡرَحُواْ بِهَاۖ وَإِن تَصۡبِرُواْ وَتَتَّقُواْ لَا يَضُرُّكُمۡ كَيۡدُهُمۡ شَيۡـًٔاۗ إِنَّ ٱللَّهَ بِمَا يَعۡمَلُونَ مُحِيطٞ ﴾
[آل عِمران: 120]

အကယ်၍ သင်တို့၌ ကောင်းကျိုးချမ်းသာဖြစ်စေမည့် အပြစ်အပျက် တစ်စုံတစ်ခု ဖြစ်ပေါ်လာခဲ့လျှင် သူတို့သည် ဝမ်းနည်းကြေကွဲ၍ စိတ်ဒုက္ခရောက်စေ၏။ အကယ်၍ အသင်တို့၌ ကံဆိုးမည်းမှောင်ကျမှု တစ်ခုခု ဆိုက်ရောက်လာလျှင် သူတို့သည် ဝမ်းသာအားရ ဖြစ်ကြ၏။ အကယ်၍ သင်တို့၌ ခန္တီသည်းခံကြံ့ခိုင်မှုရှိပြီး အရှင့်ကို စိုးရွံ့ထိတ်လန့် (လျက် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်ဖြင့် မြဲမြံစွာ လိုက်နာ) ကြလျှင် သူတို့၏လျှို့ဝှက်ကြံစည်မှု (နှင့်ပရိယာယ်ဉာဏ်ဆင်မှုတို့) ကြောင့် သင်တို့အား မည်သို့မျှ ထိခိုက်နစ်နာစေနိုင်မည် မဟုတ်ပေ။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုမူကျင့်ကြံလုပ်ဆောင်သမျှကို (အရှင့်ဉာဏ်တော်အနန္တ နှင့်ဩဇာအာဏာအားဖြင့်) လွှမ်းခြုံထားတော်မူ၏။

❮ Previous Next ❯

ترجمة: إن تمسسكم حسنة تسؤهم وإن تصبكم سيئة يفرحوا بها وإن تصبروا وتتقوا, باللغة البورمية

﴿إن تمسسكم حسنة تسؤهم وإن تصبكم سيئة يفرحوا بها وإن تصبروا وتتقوا﴾ [آل عِمران: 120]

Ba Sein
၁၂ဝ။ သင်တို့သည် ကံကောင်းမှုတစ်စုံတစ်ရာကို ခံစားရသောအခါ ထိုအမှုသည် သူတို့အတွက် အမင်္ဂလာ ဖြစ်၏။ သင်တို့သည် အတိဒုက္ခရောက်သောအခါ သူတို့သည် ဝမ်းမြောက်ဝမ်းသာဖြစ်ကြ၏။ သို့သော် သင်တို့သည် မဆုတ်မနစ် ကြိုးစားအားထုတ်လျှက် မကောင်းမှုကို ရှောင်ရှားလျှင် သူတို့၏ လှည့်စားမှုသည် သင်တို့အား ဘယ်သောအခါမျှ မနစနာစေနိုင် မှတ်သားကြလော့။ အသျှင်မြတ် သည် သူတို့ပြုသမျှတို့ကို ဝိုင်းထားတော်မူ၏။
Ghazi Mohammad Hashim
အကယ်၍ အသင်တို့၌ ကောင်းကျိုးချမ်းသာတစ်စုံတစ်ရာ ဖြစ်ပေါ်လာခဲ့ပါမူ၊ ထိုသူတို့အား စိတ်ဒုက္ခရောက်စေ၏။ သို့ရာတွင် အသင်တို့၌ တစ်စုံတစ်ရာ ဘေးအန္တရာယ် ဆိုက်ရောက်သည်ရှိသော်၊ ယင်း သူတို့သည်ဝမ်းသာအားရ ဖြစ်ကြလေသတည်း။ အမှန် စင်စစ်သော်ကားအကယ်၍သာ သင်တို့သည် သည်းခံခြင်းတရား ထားရှိ၍ပြစ်မှုစရိုက်များမှ ကြဉ်ရှောင်ကြပါမူ၊ ထိုသူတို့၏ လျှို့ဝှက်ကြံစည်မှုသည် အသင်တို့အား လုံးဝ နစ်နာစေနိုင်မည်မဟုတ်ပေ။မုချအမှန် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့ ပြုလုပ်ကြကုန်သော ကိစ္စအရပ်ရပ်တို့ကို အကြွင်းမဲ့ သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
Hashim Tin Myint
အကယ်၍ အသင်တို့တွင် ‌ကောင်းသည့်အရာဖြစ်‌ပေါ်လာခဲ့လျှင် ထိုအရာသည် သူတို့အား စိတ်ဒုက္ခ‌ရောက်‌စေသည်။ ၎င်းပြင် အသင်တို့တွင် မ‌ကောင်းသည့်အရာ ဆိုက်‌ရောက်လာခဲ့လျှင်မူ ထိုအရာဖြင့် သူတို့သည် ဝမ်းသာ‌ပျော်ရွှင်ကြသည်။ ထို့ပြင် အကယ်၍ အသင်တို့သည် သည်းခံကြပြီး ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်ကြမည်ဆိုလျှင် သူတို့၏ကြံစည်မှုသည် အသင်တိုု့ကို အနည်းငယ်မျှ ဆုံးရှုံးနစ်နာ‌စေမည် မဟုတ်‌ပေ*။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုလုပ်သည်များကို ခြုံငုံ(၍သိ)ထား‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek