Quran with Burmese translation - Surah al-‘Imran ayat 133 - آل عِمران - Page - Juz 4
﴿۞ وَسَارِعُوٓاْ إِلَىٰ مَغۡفِرَةٖ مِّن رَّبِّكُمۡ وَجَنَّةٍ عَرۡضُهَا ٱلسَّمَٰوَٰتُ وَٱلۡأَرۡضُ أُعِدَّتۡ لِلۡمُتَّقِينَ ﴾
[آل عِمران: 133]
﴿وسارعوا إلى مغفرة من ربكم وجنة عرضها السموات والأرض أعدت للمتقين﴾ [آل عِمران: 133]
Ba Sein ၁၃၃။ သင်တို့သည် မိမိတို့၏အသျှင်သခင်ထံတော်မှ အပြစ်လွှတ်ခြင်းကျေးဇူးတော်ကိုရရန်နှင့် သုခဥယျာဉ်တော်သို့ဝင်ရအောင် အချင်းချင်း ပြိုင်ဆိုင်ကြိုးပန်းကြလော့။ သုခဘုံတော်သည် မိုးမြေအမျှ ကျယ်ဝန်း၍ ဒုစရိုက်မှုကို ရှောင်ရှားသော သူတော်ကောင်းတို့အဖို့အရာဖြစ်၏။ |
Ghazi Mohammad Hashim ထိုပြင်တဝ အသင်တို့သည် မိမိတို့၏ အရှင်မြတ်၏အထံတော်မှဖြစ်သာ အပြစ်မှ ချမ်းသာ ပေးသနားတော်မူရာသို့လည်းကောင်း၊ ဂျန္နတ် အမတ သုခဘုံသို့လည်းကောင်း၊သူ့ထက်ငါသာအောင် လျင်မြန်စွာ ပြေးလာကြကုန်လော့။ ထိုဂျန္နတ် အမတသုခဘုံ၏ အကျယ်အဝန်းကား မိုးကောင်ကင်များနှင့် ပထဝီမြေပြင်(တမျှ) ဖြစ်၏။ ထို ဂျန္နတ် အမတသုခဘုံသည် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင် ကြကုန်သောမွတ္တကီ သူတော်စင်များအဖို့ အသင့်ပြင်ဆင်ထားပြီးဖြစ်လေသတည်း။ |
Hashim Tin Myint ထို့ပြင် အသင်တို့သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်ထံမှ လွတ်ငြိမ်းချမ်းသာခွင့်ဘက်နှင် ဂျန္နသ်သုခဘုံဘက်သို့ သူ့ထက်ငါသာအောင် လျင်မြန်စွာ ပြေးသွားကြပါ။ ထိုဂျန္နသ်သုခဘုံ၏အကျယ်အဝန်းသည်* မိုးကောင်းကင်များနှင့် မြေကမာ္ဘတစ်မျှဖြစ်သည်။ (အနိမ့်ဆုံးသည် လောကထက်ဆယ်ဆကြီးသည်။) ထိုဂျန္နသ်သုခဘုံသည် မုသ်သကီ ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်သူများအတွက် အသင့်ပြင်ထားပြီးဖြစ်သည်။ |