Quran with Burmese translation - Surah al-‘Imran ayat 134 - آل عِمران - Page - Juz 4
﴿ٱلَّذِينَ يُنفِقُونَ فِي ٱلسَّرَّآءِ وَٱلضَّرَّآءِ وَٱلۡكَٰظِمِينَ ٱلۡغَيۡظَ وَٱلۡعَافِينَ عَنِ ٱلنَّاسِۗ وَٱللَّهُ يُحِبُّ ٱلۡمُحۡسِنِينَ ﴾
[آل عِمران: 134]
﴿الذين ينفقون في السراء والضراء والكاظمين الغيظ والعافين عن الناس والله يحب﴾ [آل عِمران: 134]
Ba Sein ၁၃၄။ ထိုသူတို့သည် ချမ်းသာဆင်းရဲမဟူ အသျှင်မြတ်ပေးသနားတော်မူသော ဥစ္စာပစ္စည်းမှ အလှူဒါန ပေးကြ၏။ မိမိတို့စိတ်ဒေါသကို ချုပ်တည်းကြ၏။ သူတစ်ပါးကို အပြစ်လွှတ်ကြ၏။ အလ္လာဟ် အသျှင်မြတ်သည် သူတော်ကောင်းတို့ကို ချစ်မြတ်နိုးတော်မူ၏။ |
Ghazi Mohammad Hashim ထိုသူတော်စင်များသည် စီးပွားတိုးတက်ချောင်လည်စွာရှိသော အချိန်အခါများ၌လည်းကောင်း၊ ဆင်းရဲဒုက္ခရောက်ရှိသောအခါများ၌လည်းကောင်း (အချိန်အခါမရွေး)ပေးကမ်းစွန့်ကြဲ လှူဒါန်းကြကုန်၏။ (ထိုသူတော်စင်များသည်)အမျက်ဒေါသကို ချုပ်တည်းမျိုသိပ်သောသူများလည်းဖြစ်ကြကုန်၏။ လူသားတို့အား ခွင့်လွှတ်သူများလည်း ဖြစ်ကြကုန်၏။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ယင်းသို့)ကောင်းမှုပြုလုပ်သောသူများအား နှစ်သက်တော်မူချေသတည်း။ |
Hashim Tin Myint ထို မုသ်သကီများသည် စီးပွားရေးချောင်လည်သောအခါ၌လည်းကောင်း၊ ဆင်းရဲကျပ်တည်းသောအခါ၍လည်းကောင်း ပေးကမ်းစွန့်ကြဲလှူဒါန်းကြသည်။* သူတို့သည် ဒေါသကို မျိုသိပ်သောသူများလည်း*ဖြစ်ကြသည်။ ထို့ပြင် သူတို့သည် လူများ(၏အပြစ်)ကို ခွင့်လွှတ်သောသူများ*လည်းဖြစ်ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ကောင်းမှုပြုလုပ်သောသူများကို*နှစ်သက်တော်မူသည်။ |