Quran with Burmese translation - Surah al-‘Imran ayat 149 - آل عِمران - Page - Juz 4
﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِن تُطِيعُواْ ٱلَّذِينَ كَفَرُواْ يَرُدُّوكُمۡ عَلَىٰٓ أَعۡقَٰبِكُمۡ فَتَنقَلِبُواْ خَٰسِرِينَ ﴾
[آل عِمران: 149]
﴿ياأيها الذين آمنوا إن تطيعوا الذين كفروا يردوكم على أعقابكم فتنقلبوا خاسرين﴾ [آل عِمران: 149]
Ba Sein ၁၄၉။ အို-ယုံကြည်သူတို့ သင်တို့သည် မိစ္ဆာဒိဌိတို့၏ သြဝါဒကို လိုက်နာဆောင်ရွက်လျှင် သူတို့သည် သင်တို့အား သင်တို့၏ခြေဖနောင့်များပေါ် လှည့်ပြေးစေမည်။ သင်တို့သည် ဆုံးရှုံးပျက်စီးကြမည်သာ တည်း။ |
Ghazi Mohammad Hashim အို-ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသူ အပေါင်းတို့၊ အသင်တို့သည် အကယ်၍သာ ကာဖိရ် ငြင်းပယ်သောသူတို့(ပြောဆိုကြသည့်အတိုင်း) လိုက်နာကြပါမူ၊ ယင်းသူတို့သည်အသင်တို့အား (အစ္စလာမ်သာသနာတော်မှ ကုဖ်ရ် အယူဝါဒများဖက်သို့) ပြန်လည်၍ လှည့်စေကြကုန်အံ့။ သို့ပြန်လှည့်သွားကြလျှင် အသင်တို့သည် နစ်နာဆုံးရှုံးသူများအဖြစ်သို့ရောက်ရှိသွားကြကုန်လတ္တံ့။ |
Hashim Tin Myint အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အကယ်၍ အသင်တို့သည် ကာဖိရ်ငြင်းပယ်သူများ(၏စကား)ကို လိုက်နာကြမည်ဆိုလျှင် သူတို့သည် အသင်တို့အား (အစ္စလာမ်မှ ကုဖ်ရ်ဘက်သို့) ပြန်လှည့်စေကြလိမ့်မည်။ ထိုသို့ ပြန်လှည့်သွားကြလျှင် အသင်တို့သည် ဆုံးရှုံးနစ်နာသူများ ဖြစ်သွားကြလိမ့်မည်။ |