Quran with Burmese translation - Surah al-‘Imran ayat 148 - آل عِمران - Page - Juz 4
﴿فَـَٔاتَىٰهُمُ ٱللَّهُ ثَوَابَ ٱلدُّنۡيَا وَحُسۡنَ ثَوَابِ ٱلۡأٓخِرَةِۗ وَٱللَّهُ يُحِبُّ ٱلۡمُحۡسِنِينَ ﴾
[آل عِمران: 148]
﴿فآتاهم الله ثواب الدنيا وحسن ثواب الآخرة والله يحب المحسنين﴾ [آل عِمران: 148]
Ba Sein ၁၄၈။ အလ္လာဟ်အသျှင်မြတ်သည် သူတို့အား ဤဘဝ၏ဆုကိုလည်းကောင်း၊ နောင်ဘဝ၏ဆုတို့ကို လည်းကောင်း ပေးသနားတော်မူ၏။ အလ္လာဟ်အသျှင်မြတ်သည် ကောင်းမှုပြုသူတို့အား နှစ်သက် မြတ်နိုးတော်မူ၏။ |
Ghazi Mohammad Hashim သို့ဖြစ်ပေရာ၊ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား လောကီအကျိုး(ဖြစ်သောအောင်မြင်မှု)ကိုလည်းကောင်း၊ နောင်တမလွန်ဘဝ၏ ကောင်းမြတ်သော အကျိုးကျေးဇူးကိုလည်းကောင်း ချီးမြှင့် ပေးသနားတော်မူခဲ့လေသည်။အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ကောင်းမြတ်သော အကျင့်အမူ ကျင့်မူသော သူတို့အား ချစ်ကြည်တော်မူလေသတည်း။ |
Hashim Tin Myint သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် သူတို့အား လောကီ၏အကျိုးနှင့် တမလွန်ဘဝ၏ ကောင်းမြတ်သောအကျိုးကို ချီးမြှင့်ပေးသနားတော်မူခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ကောင်းကျိုးပြုသူများကို ချစ်ခင်တော်မူသည်။ |