﴿ٱلصَّٰبِرِينَ وَٱلصَّٰدِقِينَ وَٱلۡقَٰنِتِينَ وَٱلۡمُنفِقِينَ وَٱلۡمُسۡتَغۡفِرِينَ بِٱلۡأَسۡحَارِ ﴾
[آل عِمران: 17]
(ထိုသူတို့သည် အပြစ်ဒုစရိုက်များကို ရှောင်ကြဉ်၍ အရှင့်အမိန့်တော်များအား ကျေပွန်စွာဆောင်ရွက်ကြစဉ် တွေ့ကြုံရသော အခက်အခဲ၊ အကျပ်အတည်းများ၌) ခန္တီသည်းခံကြံ့ခိုင်မှုအပြည့် ရှိကြသူများ၊ (အပြောအဆို၊ လုပ်ရပ်နှင့်ကတိတို့တွင်) ဖြောင့်မတ်မှန်ကန်စွာ ရပ်တည်သော သစ္စာဝါဒီများ၊ (အရှင်မြတ်အား) ရိုးသားဖြူစင်စွာ ခယ ရိုကျိုး၍ နာခံသူများ၊ (အရှင်မြတ်က ပေးအပ်တော်မူသည့် ဥစ္စာဓနနှင့်ပိုင်ဆိုင်မှုများမှ အရှင့်ကျေနပ်နှစ်မြို့မှုအတွက် ဆင်းရဲချို့တဲ့သူများအား စေတနာထက်သန်စွာဖြင့်) စွန့်လှူပေးကမ်းလှူဒါန်းသူများနှင့်အာရုဏ် မတက်မီ (အရှင့်ထံ) လွှတ်ငြိမ်းချမ်းသာခွင့်အတွက် အနူးအညွှတ် တောင်းပန်သူများ (ဖြစ်ကြ၏။)
ترجمة: الصابرين والصادقين والقانتين والمنفقين والمستغفرين بالأسحار, باللغة البورمية
﴿الصابرين والصادقين والقانتين والمنفقين والمستغفرين بالأسحار﴾ [آل عِمران: 17]