Quran with Burmese translation - Surah al-‘Imran ayat 174 - آل عِمران - Page - Juz 4
﴿فَٱنقَلَبُواْ بِنِعۡمَةٖ مِّنَ ٱللَّهِ وَفَضۡلٖ لَّمۡ يَمۡسَسۡهُمۡ سُوٓءٞ وَٱتَّبَعُواْ رِضۡوَٰنَ ٱللَّهِۗ وَٱللَّهُ ذُو فَضۡلٍ عَظِيمٍ ﴾
[آل عِمران: 174]
﴿فانقلبوا بنعمة من الله وفضل لم يمسسهم سوء واتبعوا رضوان الله والله﴾ [آل عِمران: 174]
Ba Sein ၁၇၄။ ထို့ကြောင့် သူတို့သည် အလ္လာဟ်အသျှင်မြတ်၏ ကောင်းကြီးမဂွလာတော်၊ ဂုဏ်ကျေးဇူးတော်နှင့် ပြန်လာကြရ၏။သူတို့အား ဘေးမသီရန်မခပေ။ သူတို့သည် အလ္လာဟ်အသျှင်မြတ်၏ နှစ်သက်တော် မူခြင်းရတနာကို ရှာမှီးလိုက်နာကြ၏။ အလ္လာဟ်အသျှင်မြတ်သည် အနန္တကောင်းကြီးမင်္ဂလာတော် သခင်ဖြစ်တော်မူပါ၏။ |
Ghazi Mohammad Hashim သို့ဖြစ်ပေရာ ယင်းသူတို့သည် (ယုံကြည် စိတ်ချစွာဖြင့် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ရန်ထွက်ခဲ့ကြပြီးနောက်)မည်သည့်အန္တရာယ်မျှ ထိရောက်ခြင်းမျှမရှိဘဲအလ္လာဟ်အရှင်မြတ်အထံတော်မှ (ပေးသနားတော်မူသော)စည်းစိမ် ချမ်းသာ များအပြင် အထူးကျေးဇူးတော်နှင့်တကွ(မိမိတို့အိမ်များသို့) ပြန်ခဲ့ကြကုန်သည်။ စင်စစ် တမူကားထိုသူတို့သည် အလ္လာဟ် အရှင်မြတ်၏ နှစ်သက်မှုကိုလိုက်နာပြုလုပ်ခဲ့ကြကုန်၏။ အလ္လာဟ် အရှင်မြတ်သည်လည်းအတိုင်းမရှိ ကြီးကျယ်လှစွာ သော ကျေးဇူးတော်ရှင်ဖြစ်တော်မူပေသည်။ |
Hashim Tin Myint ထို့နောက် သူတို့သည်(စစ်တိုက်ရန်ထွက်ခဲ့ပြီးနောက်) မည်သည့်အန္တရာယ်မှ မထိရောက်ဘဲ အလ္လာဟ်အရှင်မြတ်ထံတော်မှ စည်းစိမ်ချမ်းသာအပြင် အပိုချီးမြှင့်သော ကျေးဇူးတော်နှင့်တကွ (သူတို့၏အိမ်များသို့) ပြန်ခဲ့ကြသည်။ ၎င်းပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုနောက်ကိုလိုက်ခဲ့ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ကြီးကျယ်သော ကျေးဇူးတော်ရှင်ဖြစ်တော်မူသည်။ |