Quran with Burmese translation - Surah al-‘Imran ayat 19 - آل عِمران - Page - Juz 3
﴿إِنَّ ٱلدِّينَ عِندَ ٱللَّهِ ٱلۡإِسۡلَٰمُۗ وَمَا ٱخۡتَلَفَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ إِلَّا مِنۢ بَعۡدِ مَا جَآءَهُمُ ٱلۡعِلۡمُ بَغۡيَۢا بَيۡنَهُمۡۗ وَمَن يَكۡفُرۡ بِـَٔايَٰتِ ٱللَّهِ فَإِنَّ ٱللَّهَ سَرِيعُ ٱلۡحِسَابِ ﴾
[آل عِمران: 19]
﴿إن الدين عند الله الإسلام وما اختلف الذين أوتوا الكتاب إلا من﴾ [آل عِمران: 19]
Ba Sein ၁၉။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ် ပြဌာန်းတော်မူသော ဘာသာတရားကား အသျှင်မြတ်အား ကျိုးနွံ့ခြင်းဖြစ်၏။ ရှေးကျမ်းတော်များကိုရရှိသောသူတို့သည် အချင်းချင်း ပြစ်မှားကြခြင်းကြောင့် ပညာအလင်းရောင်ကိုရရှိပြီးနောက်မှသာလျှင် ကွဲပြားခြားနားကြ၏။ အကြင်သူတို့သည် အသျှင်မြတ်၏ ဗျာဒိတ်တော်များကို မယုံကြည်အံ့။ ထိုသူတို့သည် အလ္လာဟ်အသျှင်မြတ်အား စစ်ကြောစီရင်ခြင်း၌ အလွန်ထက်မြက် မြန်ဆန်တော်မူသည်ကို တွေ့ကြရမည်။ |
Ghazi Mohammad Hashim မချွတ်ဧကန် အလ္လာဟ်အရှင်မြတ်အထံတော် ၌(နှစ်မြို့တော်မူပြီးဖြစ်သော) ဒီန် သာသနာမှာ မူကားအစ္စလာမ် သာသနာတော်ပင်တည်း။ အမှန်သော်ကား(တော်ရာတ်နှင့် အီန်ဂျီလ်) ကျမ်းများ ပေးသနားတော်မူခြင်းခံကြရသော သူတို့သည် မိမိတို့ထံ အသိတရားရောက်ရှိပြီးနောက် သော်မှပင် မိမိတို့အချင်းချင်း မနာလိုဝန်တိုစိတ်ထား ရှိခြင်းကြောင့် မညီမညွတ် သဘောကွဲလွဲကြကုန်၏။ သို့ရာတွင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို သွေဖည်ငြင်းပယ်ပါမူ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် လျင်မြန်စွာ စစ်ဆေး စောကြောတော်မူမည့်အရှင်မြတ်ပင် ဖြစ်တော်မူသတည်း။ |
Hashim Tin Myint အမှန်စင်စစ် သာသနာသည် အလ္လာဟ်အရှင်မြတ်ထံတွင် အစ္စလာမ်သာသနာတော်ပင်ဖြစ်သည်။* ထိုပြင် ကျမ်းဂန်ပေးခြင်းခံကြရသောသူများသည် သူတို့ထံကို အသိပညာရောက်ရှိခဲ့ပြီးနောက်မှပင် သူတို့အချင်းချင်း မလိုမုန်းတီးမှုကြောင့်သာ (ကွဲလွဲခဲ့ကြခြင်းဖြစ်သည်)။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏အာယသ်တော်များကို ငြင်းပယ်လျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လျင်မြန်စွာ စာရင်းစစ်ဆေးတော်မူသောအရှင် ဖြစ်တော်မူသည်။ (အမှန်နှင့် အမှား၏ရလဒ်သည် အမြန်ရရှိလိမ့်မည်။) |