Quran with Burmese translation - Surah al-‘Imran ayat 21 - آل عِمران - Page - Juz 3
﴿إِنَّ ٱلَّذِينَ يَكۡفُرُونَ بِـَٔايَٰتِ ٱللَّهِ وَيَقۡتُلُونَ ٱلنَّبِيِّـۧنَ بِغَيۡرِ حَقّٖ وَيَقۡتُلُونَ ٱلَّذِينَ يَأۡمُرُونَ بِٱلۡقِسۡطِ مِنَ ٱلنَّاسِ فَبَشِّرۡهُم بِعَذَابٍ أَلِيمٍ ﴾
[آل عِمران: 21]
﴿إن الذين يكفرون بآيات الله ويقتلون النبيين بغير حق ويقتلون الذين يأمرون﴾ [آل عِمران: 21]
Ba Sein ၂၁။ အို...တမန်တော် အလ္လာဟ်အသျှင်မြတ်၏ ဗျာဒိတ်တော်များကို မယုံကြည်သူများ၊ တမန်တော် များကို မတရားသတ်ဖြတ်သူများ၊ တရားမျှတမှုကိုဆင့်ဆိုသော လူသားများ သတ်ဖြတ်သူများ၊ ဤမိစ္ဆာမိုက်တို့အား သူတို့သည် အလွန်နာကျင်ဘွယ်သောအပြစ်ဒဏ်ကို ခံစားရမည်ဟု သင် ဂတိပြုလော့။ |
Ghazi Mohammad Hashim ဧကန်စင်စစ် အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ တရားဒေသနာတော်များကို မနာယူ ငြင်းဆန်ပယ်ရှားကြကုန်၏။ ထို့ပြင်တဝ ယင်းသူတို့သည် နဗီတမန်တော်များကို သတ်ဖြတ်ခွင့်မရှိဘဲလျက် (တရားမဲ့)သတ်ဖြတ်ကြကုန်၏။ ထိုနည်းတူစွာ ယင်း သူတို့သည် လူသားတို့အနက်မှ တရားမျှတစွာပြုလုပ်ရန် ညွှန်ကြားသူတို့ကိုလည်းသတ်ဖြတ်ကြကုန်၏။ သို့ဖြစ်ပေရာ အသင်သည် ယင်းကဲ့သို့သောသူတို့အား အလွန်နာကျင်ဖွယ်ဖြစ်သော အပြစ်ဒဏ်(ခံကြရမည့်အကြောင်း) သတင်းကောင်း ကျေညာပါလေ။ |
Hashim Tin Myint အမှန်စင်စစ် အကြင်သူများသည် အလ္လာဟ်အရှင်မြတ်၏အာယသ်တော်များကို ငြင်းပယ်ကြသည်။ ၎င်းပြင် သူတို့သည် နဗီတမန်တော်များအား မတရားသတ်ဖြတ်ကြသည်။ ၎င်းပြင် လူများထဲမှ တရားမျှတမှုပြုလုပ်ရန် ညွှန်ကြားသောသူများကိုလည်း သတ်ဖြတ်ကြသည်။ သို့ဖြစ်ရာ အသင်သည် ထိုသူများအား အလွန်နာကျင်စေသော အပြစ်ဒဏ်ဖြင့် သတင်းပေးလိုက်ပါ။ |