﴿يَوۡمَ تَجِدُ كُلُّ نَفۡسٖ مَّا عَمِلَتۡ مِنۡ خَيۡرٖ مُّحۡضَرٗا وَمَا عَمِلَتۡ مِن سُوٓءٖ تَوَدُّ لَوۡ أَنَّ بَيۡنَهَا وَبَيۡنَهُۥٓ أَمَدَۢا بَعِيدٗاۗ وَيُحَذِّرُكُمُ ٱللَّهُ نَفۡسَهُۥۗ وَٱللَّهُ رَءُوفُۢ بِٱلۡعِبَادِ ﴾
[آل عِمران: 30]
ထို (တမလွန်တရားစီရင်မည့်) နေ့တွင် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တိုင်း (လူတိုင်း) သည် သူတို့ ပြုမူကျင့်ကြံလုပ်ဆောင်ခဲ့ကြသော ကောင်းမှုများနှင့်မကောင်းမှုများ၏အကျိုးဆုလဒ်များနှင့်ပြစ်ဒဏ်များကို (သူတို့၏ ရှေ့မှောက်၌) အဆင်သင့်တွေ့မြင်ကြစဉ် အကယ်၍ မကောင်းမှုနှင့်မကောင်းမှု၏အကျိုးဆက်ကြား အလှမ်းဝေးခဲ့ကြလျှင် ကောင်းလေစွ။” ဟု ဆန္ဒရှိကြမည်ဖြစ်ပြီး အလ္လာဟ်အရှင်မြတ်ကိုယ်တိုင် (ယင်းနှင့်စပ်လျဉ်း၍) သင်တို့ ကို သတိပေးနေတော်မူ၏။ ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် (အရှင့်အစေခံလူသားများနှင့်စပ်လျဉ်း၍ (အရှင့်အမိန့်တော်အတိုင်း လိုက်နာနိုင်ရန်အလို့ငှာ) အရှင့်အစေခံတို့အပေါ် သူတို့၏ဒုက္ခအခက်အခဲများကို ဖယ်ရှားပေးတော်မူ၍ လွယ်ကူစေရာတွင် အလွန်ပင် ညှာတာတော်မူသောအရှင် ဖြစ်တော်မူ၏။
ترجمة: يوم تجد كل نفس ما عملت من خير محضرا وما عملت من, باللغة البورمية
﴿يوم تجد كل نفس ما عملت من خير محضرا وما عملت من﴾ [آل عِمران: 30]