×

(အို၊ ရစူလ်တမန်တော်) “အကယ်၍ အသင်တို့က အလ္လာဟ်အရှင်မြတ်ကို ချစ်မြတ်နိူးကြလျှင် ကျွန်ုပ်၏နောက်သို့ (ကျွန်ုပ်က လက်တွေ့လုပ်ဆောင်ပြခဲ့သည့်အတိုင်း) လိုက်နာကြလော့။ (သို့မှသာ) အလ္လာဟ်အရှင်မြတ်လည်း 3:31 Burmese translation

Quran infoBurmeseSurah al-‘Imran ⮕ (3:31) ayat 31 in Burmese

3:31 Surah al-‘Imran ayat 31 in Burmese (البورمية)

Quran with Burmese translation - Surah al-‘Imran ayat 31 - آل عِمران - Page - Juz 3

﴿قُلۡ إِن كُنتُمۡ تُحِبُّونَ ٱللَّهَ فَٱتَّبِعُونِي يُحۡبِبۡكُمُ ٱللَّهُ وَيَغۡفِرۡ لَكُمۡ ذُنُوبَكُمۡۚ وَٱللَّهُ غَفُورٞ رَّحِيمٞ ﴾
[آل عِمران: 31]

(အို၊ ရစူလ်တမန်တော်) “အကယ်၍ အသင်တို့က အလ္လာဟ်အရှင်မြတ်ကို ချစ်မြတ်နိူးကြလျှင် ကျွန်ုပ်၏နောက်သို့ (ကျွန်ုပ်က လက်တွေ့လုပ်ဆောင်ပြခဲ့သည့်အတိုင်း) လိုက်နာကြလော့။ (သို့မှသာ) အလ္လာဟ်အရှင်မြတ်လည်း အသင်တို့အပေါ် ချစ်ခြင်းမေတ္တာထားရှိတော်မူပြီး သင်တို့၏ (မှားယွင်းချွတ်ချော်မှုများကြောင့် ကျူးလွန်မိသည့်) အပြစ်များကို ခွင့်လွှတ်တော်မူမည်။” ဟု ဟောပြောလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ချိုးဖောက်မိသူတို့အား) အလွန်ပင် လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ်သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: قل إن كنتم تحبون الله فاتبعوني يحببكم الله ويغفر لكم ذنوبكم والله, باللغة البورمية

﴿قل إن كنتم تحبون الله فاتبعوني يحببكم الله ويغفر لكم ذنوبكم والله﴾ [آل عِمران: 31]

Ba Sein
၃၁။ အို...မိုဟမ္မဒ် သင်သည် လူသားတို့အား ဟောကြားလော့။ ဟယ်အချင်းတို့ သင်တို့သည် အလ္လာဟ်အသျှင်မြတ်ကို ကြည်ညိုမြတ်နိုးလျှင် ငါဆုံးမသြဝါဒကို နာခံကြလော့။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့ကို ချစ်ခင်မြတ်နိုးတော်မူမည်။ သင်တို့၏အပြစ်များကို လွှတ်တော် မူမည်။ အလ္လာဟ်အသျှင်မြတ်သည် အပြစ်လွှတ်တော်မူသောအသျှင်၊ ကောင်းကြီးမင်္ဂလာ ပေးသနားတော်မူသောအသျှင် ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
(အို-နဗီတမန်တော်) အသင်သည် (လူခပင်းတို့အား ဤသို့) ပြောကြားပါလေ။ အကယ်၍ အသင်တို့သည်အလ္လာဟ်အရှင်မြတ်အား ချစ်ကြည် မြတ်နိုးကြပါမူ ငါ၏အမိန့်ဩဝါဒများကို အစဉ် တစိုက်လိုက်နာကြကုန်။ (သို့မှသာလျှင်)အသင်တို့ အား အလ္လာဟ်အရှင်မြတ်သည် ချစ်ကြည်မြတ်နိုးတော်မူအံ့။ ထို့ပြင်တဝ ထိုအရှင်မြတ်သည် အသင်တို့၏ ပြစ်မှုဒုစရိုက်များကိုလည်း လွတ်ငြိမ်း ချမ်းသာခွင့်ပေးသနားတော်မူအံ့။ စင်စစ်တမူကား အလ္လာဟ် အရှင်မြတ်သည် (အပြစ်များမှ) အကြိမ်ကြိမ်လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အစဉ်သနားညှာတာတော်မူသော မဟာကရုဏာ တော်ရှင် ဖြစ်တော်မူသတည်း။
Hashim Tin Myint
(အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ၊ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ချစ်မြတ်နိုးကြသည်ဆိုလျှင် ငါ(တမန်‌တော်)၏အမိန့်ကို လိုက်နာကြပါ။* (သို့ဖြစ်လျှင်) အသင်တို့ကို အလ္လာဟ်အရှင်မြတ်သည် ချစ်ခင်‌တော်မူမည်။ ၎င်းပြင် အရှင်မြတ်သည် အသင်တို့၏ ပြစ်မှုများကို လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာ‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek