×

သူတို့က တမန်တော်မြတ်သည် သူတို့အနက်မှ တစ်ဦး မဖြစ်သည့်အတွက် ယုံကြည်ရန် ငြင်းဆိုနေကြသော် လည်း အရှင်မြတ်က သူတို့အနက်မှလည်း တမန်တော်များကို ရွေးချယ်တော်မူခဲ့၏။ 3:33 Burmese translation

Quran infoBurmeseSurah al-‘Imran ⮕ (3:33) ayat 33 in Burmese

3:33 Surah al-‘Imran ayat 33 in Burmese (البورمية)

Quran with Burmese translation - Surah al-‘Imran ayat 33 - آل عِمران - Page - Juz 3

﴿۞ إِنَّ ٱللَّهَ ٱصۡطَفَىٰٓ ءَادَمَ وَنُوحٗا وَءَالَ إِبۡرَٰهِيمَ وَءَالَ عِمۡرَٰنَ عَلَى ٱلۡعَٰلَمِينَ ﴾
[آل عِمران: 33]

သူတို့က တမန်တော်မြတ်သည် သူတို့အနက်မှ တစ်ဦး မဖြစ်သည့်အတွက် ယုံကြည်ရန် ငြင်းဆိုနေကြသော် လည်း အရှင်မြတ်က သူတို့အနက်မှလည်း တမန်တော်များကို ရွေးချယ်တော်မူခဲ့၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် တမန်တော်အာဒမ်နှင့်နူဟ်တို့ကိုလည်းကောင်း၊ တမန်တော်အီးဗ်ရာဟီမ်မျိုးဆက်နှင့်အီးမ်ရာန် မျိုးဆက်တို့ကိုလည်းကောင်း၊ လောကခပ်သိမ်း (နှင့်လူသားအားလုံး) ထက်ဝယ် သဘောကျ ရွေးချယ်တော်မူခဲ့၏။

❮ Previous Next ❯

ترجمة: إن الله اصطفى آدم ونوحا وآل إبراهيم وآل عمران على العالمين, باللغة البورمية

﴿إن الله اصطفى آدم ونوحا وآل إبراهيم وآل عمران على العالمين﴾ [آل عِمران: 33]

Ba Sein
၃၃။ အလ္လာဟ်အသျှင်မြတ်သည် တမန်တော်အာဒမ်၊ တမန်တော်နူဟို၊ တမန်တော်အီဗရာဟီမ်၏ အဆက်အနွယ်နှင့် အင်မရာန်၏အဆက်အနွယ်တို့ကို မိမိ၏ အခြားကျေးတော်မျိုး၊ ကျွန်တော်မျိုး များထက် သာလွန်နှစ်သက်မြတ်နိုးတော်မူကြောင်းကို မှတ်သားကြလော့။
Ghazi Mohammad Hashim
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (နဗီတမန်တော်) အာဒမ်ကိုလည်းကောင်း၊ (နဗီတမန်တော်)နူဟ်ကိုလည်းကောင်း၊ (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၏အဆက်အနွယ်ကိုလည်းကောင်း၊ အင်(မ်)ရာန်၏ အဆက်အနွယ်ကိုလည်းကောင်း၊ စကြာဝဠာခပ်သိမ်းတို့အပေါ်ဝယ်ရွေးချယ်မြှောက်စားတော်မူခဲ့လေပြီ။
Hashim Tin Myint
အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (တမန်‌တော်)အာဒမ်*၊ (တမန်‌တော်)နူးဟ်*၊ (တမန်‌တော်)အိဗ်ရာဟီမ်၏အဆက်အနွယ်နှင့် အင်မ်ရာန်၏အဆက်အနွယ်တို့ကို စကြဝဠာအားလုံးအ‌ပေါ်တွင် ‌ရွေးချယ်‌တော်မူခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek