×

(မရ်ယမ့်မိခင်၏စိတ်စေတနာဖြူစင်မှု၊ အနစ်နာခံနစ်မြှစ်မှုနှင့်ရည်ရွယ်ချက် ဖြူစင်သန့်ရှင်းမှုကို အကြောင်း ပြု၍) သူမအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က သူမကို (ပျူငှာစွာ ဂုဏ်ပေးလျက်) ကောင်းမြတ်သော 3:37 Burmese translation

Quran infoBurmeseSurah al-‘Imran ⮕ (3:37) ayat 37 in Burmese

3:37 Surah al-‘Imran ayat 37 in Burmese (البورمية)

Quran with Burmese translation - Surah al-‘Imran ayat 37 - آل عِمران - Page - Juz 3

﴿فَتَقَبَّلَهَا رَبُّهَا بِقَبُولٍ حَسَنٖ وَأَنۢبَتَهَا نَبَاتًا حَسَنٗا وَكَفَّلَهَا زَكَرِيَّاۖ كُلَّمَا دَخَلَ عَلَيۡهَا زَكَرِيَّا ٱلۡمِحۡرَابَ وَجَدَ عِندَهَا رِزۡقٗاۖ قَالَ يَٰمَرۡيَمُ أَنَّىٰ لَكِ هَٰذَاۖ قَالَتۡ هُوَ مِنۡ عِندِ ٱللَّهِۖ إِنَّ ٱللَّهَ يَرۡزُقُ مَن يَشَآءُ بِغَيۡرِ حِسَابٍ ﴾
[آل عِمران: 37]

(မရ်ယမ့်မိခင်၏စိတ်စေတနာဖြူစင်မှု၊ အနစ်နာခံနစ်မြှစ်မှုနှင့်ရည်ရွယ်ချက် ဖြူစင်သန့်ရှင်းမှုကို အကြောင်း ပြု၍) သူမအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က သူမကို (ပျူငှာစွာ ဂုဏ်ပေးလျက်) ကောင်းမြတ်သော လက်ခံမှုမျိုးဖြင့် လက်ခံတော်မူပြီး (သူမ၏ခန္ဓာကိုယ် ဖွံ့ဖြိုးမှုကို “အခြား သက်ရှိတို့အား အကျိုးပြုရန်အတွက်သာ ရှင်သန်ကြီးထွားသည့် သစ်ပင်လောက၏ဖွံ့ဖြိုးမှု” ကဲ့သို့) ကောင်းမြတ် သော ဖွံ့ဖြိုးမှုဖြင့် ဖွံ့ဖြိုးစေတော်မူရုံသာမက သူမအား စောင့်ရှောက်ရန် တမန်တော် ဇကရီယာထံသို့ အပ်နှံစေတော်မူခဲ့၏။ တမန်တော်ဇကရီယာက သူမ၏ (တရားထိုင်ရာ၊ အထွတ်အမြတ်နေရာဖြစ်သော) အခန်းထဲသို့ ဝင်သည့်အခါတိုင်း သူမ၏အနားတွင် (ထောက်ပံ့ထားခြင်းခံရသော) ရိက္ခာအစားအသောက်ကို တွေ့မြင်ခဲ့၍ “အို၊ မရ်ယာမ်၊ အသင်အတွက် ဤအရာသည် အဘယ်က လာသနည်း။” ဟု မေးသော် သူမက “ထိုအရာသည် အလ္လာဟ်အရှင်မြတ်၏ထံတော်မှ ဖြစ်၏။” ဟု ဖြေဆိုခဲ့သည်။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏ စည်းမျဉ်းတော်နှင့်အညီ) အရှင်မြတ်အလိုရှိတော်မူသောသူအား စားနပ်ရိက္ခာ (နှင့်အခြားလိုအပ်ချက်များ) ကို တွက်ချက်ခြင်းမပြုဘဲ အတိုင်းအဆမရှိ ထောက်ပံ့ ပြည့်စုံစေတော်မူ၏။

❮ Previous Next ❯

ترجمة: فتقبلها ربها بقبول حسن وأنبتها نباتا حسنا وكفلها زكريا كلما دخل عليها, باللغة البورمية

﴿فتقبلها ربها بقبول حسن وأنبتها نباتا حسنا وكفلها زكريا كلما دخل عليها﴾ [آل عِمران: 37]

❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek