Quran with Burmese translation - Surah al-‘Imran ayat 40 - آل عِمران - Page - Juz 3
﴿قَالَ رَبِّ أَنَّىٰ يَكُونُ لِي غُلَٰمٞ وَقَدۡ بَلَغَنِيَ ٱلۡكِبَرُ وَٱمۡرَأَتِي عَاقِرٞۖ قَالَ كَذَٰلِكَ ٱللَّهُ يَفۡعَلُ مَا يَشَآءُ ﴾
[آل عِمران: 40]
﴿قال رب أنى يكون لي غلام وقد بلغني الكبر وامرأتي عاقر قال﴾ [آل عِمران: 40]
Ba Sein ၄ဝ။ ထိုအခါ တမန်တော် ဇကရီယာက အို အကျွနု်ပ်၏အသျှင်သခင် အကျွနု်ပ်သည် အသက်ကြီးပါပြီ။ အကျွနု်ပ်၏ ဇနီးမိန်းမလည်း အမြံုဖြစ်ပါ၏။ သို့ကြောင့် အကျွနု်ပ်သည် သားရတနာကို အဘယ်သို့ ရနိုင်ပါမည်နည်းဟုလျှောက်၏။ ကောင်းကင်တမန်တော်က သင် သားရတနာရမည်မှာ အမှန်ပင် ဖြစ်၏။ အလ္လာဟ်အသျှင်မြတ်သည် အလိုတော်ရှိရာကို စီရင်တော်မူ၏ဟုဆို၏။ |
Ghazi Mohammad Hashim (ထိုစကားကိုကြားလျှင်) ထိုနဗီတမန်တော်(ဇကရိယာ)က အို-ကျွန်တော်မျိုးကို မွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုး၌ သားကောင်းရတနာသည်အဘယ်သို့ ရရှိနိုင်ပါအံ့နည်း။ အကြောင်းကား ဧကန်စင်စင်အိုခြင်း တရားသည် ကျွန်တော်မျိုးထံ ဆိုက်ရောက်လာ ခဲ့ချေပြီ။ကျွန်တော်မျိုး၏ ဇနီးမိန်းမသည်လည်း (သက်ရွယ်ကြီးရင့်ပြီဖြစ်သည်သာမက) သားသမီး မမွေးသော အမြုံလည်းဖြစ်ပါသည်ဟု လျှောက်ထား ပန်ကြားလေသည်။ (ထိုရောကာလ)အလ္လာဟ်အရှင်မြတ်က ဤနည်းအတိုင်းပင် (သားကောင်းရတနာကို ရရှိအံ့၊ အကြောင်းကား) အလ္လာဟ်အရှင်မြတ်သည်(ဖြစ်လေ့ဖြစ်ထမရှိ၊ အံ့ဘွယ်သရဲဖြစ်သော အမှု ကိစ္စများကိုပင်)အလိုတော်ရှိရာ ပြုလုပ်တော်မူပေ သည် ဟု ပြန်ကြားတော်မူခဲ့လေသည်။ |
Hashim Tin Myint ၎င်း(တမန်တော်ဇကရိယာ)က ပြောဆိုလျှောက်ထားသည်၊ အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ကျွန်ုပ်တွင် မည်သည့်နည်းဖြင့် သားရနိုင်ပါမည်နည်း။ ကျွန်ုပ်တွင် အိုမင်းရင့်ရော်မှုသည်လည်း ဆိုက်ရောက်လာခဲ့ပြီဖြစ်ပါသည်။* ကျွန်ုပ်၏ဇနီးသည်လည်း သားသမီးမရသော အမြုံဖြစ်ပါသည်။ အရှင်မြတ်က အမိန့်ရှိတော်မူသည်၊ “ဤသို့ပင် (သားရရှိမည့်အကြောင်းမှာ) အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူသည်ကို ပြုလုပ်တော်မူသည်။“ |