Quran with Burmese translation - Surah al-‘Imran ayat 39 - آل عِمران - Page - Juz 3
﴿فَنَادَتۡهُ ٱلۡمَلَٰٓئِكَةُ وَهُوَ قَآئِمٞ يُصَلِّي فِي ٱلۡمِحۡرَابِ أَنَّ ٱللَّهَ يُبَشِّرُكَ بِيَحۡيَىٰ مُصَدِّقَۢا بِكَلِمَةٖ مِّنَ ٱللَّهِ وَسَيِّدٗا وَحَصُورٗا وَنَبِيّٗا مِّنَ ٱلصَّٰلِحِينَ ﴾
[آل عِمران: 39]
﴿فنادته الملائكة وهو قائم يصلي في المحراب أن الله يبشرك بيحيى مصدقا﴾ [آل عِمران: 39]
Ba Sein ၃၉။ တမန်တော် ဇကရီယာသည် ထူးမြတ်သောအဆောင်အတွင်း၌ ဆွလာသ်ဝတ်ပြုနေစဉ် ကောင်းကင် တမန်တော်များပေါ်လာ၍ အို-ဇကရီယာ အလ္လာဟ်အသျှင်မြတ်သည် သင့်အား ယဟယာမည်သော သားရတနာတစ်ဦးရမည့်အကြောင်း သတင်းကောင်းကို ပေးသနားတော်မူ၏။ သူသည် အသျှင်မြတ်၏ ဗျာဒိတ်တော်ကို အတည်ပြုရန်လာမည်။ မြင့်မြတ်သန့်စင်၍ သူတော်ကောင်းတို့၏ တမန်တော်တစ်ပါးဖြစ်မည်ဟု ပြောကြ၏။ |
Ghazi Mohammad Hashim သို့ဖြစ်ပေရာ ထို [တမန်တော် ဇကရိယာ(အလိုင်ဟစ္စလာမ်)] သည် အခန်းတွင်း၌ ဆွလာတ်ဝတ်ပြုနေခိုက် မလာအေ့ကဟ် ကောင်းကင်တမန် များသည်ထိုတမန်တော်အား အသံကျယ်စွာ ပြောဆို နေကြသည်မှာမုချဧကန် အလ္လာဟ်အရှင်မြတ်သည် အသင့်အား ယဟ်ယာအမည်ရှိသော သားကောင်း ရတနာတပါး ပေးသနားတော်မူသည့် အကြောင်း ပီတိသောမနဿ ဝမ်းမြောက်ဘွယ်ရာသတင်းပြောကြားတော်မူလေသည်။ ထိုသားရတနာသည်ကလိမတုလ’ာဟ် အလ္လာဟ်အရှင်မြတ်၏ ‘မုက္ခပါဌ်တော်’(တည်း ဟူသော တမန်တော်အီစာ)ကို ထောက်ခံမည့်သူဖြစ်အံ့၊အကြီးအမှူးလည်းဖြစ်အံ့။ (ကာမဂုဏ်အာရုံကို) အထူးစောင့်စည်းသူလည်းဖြစ်အံ့၊ သူတော်စင်များ အနက်မှ နဗီတမန်တော်တပါးလည်းဖြစ်အံ့။ |
Hashim Tin Myint ထို့နောက် ၎င်း(တမန်တော်ဇကရိယာ)သည် အခန်းထဲတွင် မတ်တပ်ရပ်လျက် စွလာသ်ဝတ်ပြုနေစဉ် ကောင်းကင်တမန်များသည် ၎င်းအား ဟစ်ခေါ်ပြောဆိုကြသည်၊ “အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အသင့်အား ယဟ်ယာအမည်ရှိသော (သားကောင်းတစ်ဦးကို ပေးသနားတော်မူမည့်အကြောင်း) သတင်းကောင်းပေးတော်မူသည်။ ထိုသားသည် အလ္လာဟ်အရှင်မြတ်၏ ကလိမဟ်*ကို ထောက်ခံမည့်သူဖြစ်မည်၊ ခေါင်းဆောင်လည်းဖြစ်မည်၊ (ကာမ လိုက်စားမှုကို)စောင့်ထိန်းသူလည်းဖြစ်မည်၊ ကောင်းမြတ်သောသူများထဲမှ နဗီတမန်တော်တစ်ပါးလည်းဖြစ်မည်။“ |