×

(လူသားတို့၏အတွေးအခေါ်အရ လူသား၏ဖြစ်တည်မှုသည် သဘာဝနိယာမတရားခေါ် အရှင့်စည်းမျဉ်းတော်နှင့်အညီသာ ဖြစ်လာသော်လည်း) အလ္လာဟ်အရှင်မြတ်၏ထံတော်၌ (တမန်တော်) အီစာ၏ဥပမာသည်ကား အာဒမ်နှင့်တူ၏။ အာဒမ်ကို မြေမှုန့်မှ ပုံဖော်ဖြစ်တည်စေပြီးနောက် 3:59 Burmese translation

Quran infoBurmeseSurah al-‘Imran ⮕ (3:59) ayat 59 in Burmese

3:59 Surah al-‘Imran ayat 59 in Burmese (البورمية)

Quran with Burmese translation - Surah al-‘Imran ayat 59 - آل عِمران - Page - Juz 3

﴿إِنَّ مَثَلَ عِيسَىٰ عِندَ ٱللَّهِ كَمَثَلِ ءَادَمَۖ خَلَقَهُۥ مِن تُرَابٖ ثُمَّ قَالَ لَهُۥ كُن فَيَكُونُ ﴾
[آل عِمران: 59]

(လူသားတို့၏အတွေးအခေါ်အရ လူသား၏ဖြစ်တည်မှုသည် သဘာဝနိယာမတရားခေါ် အရှင့်စည်းမျဉ်းတော်နှင့်အညီသာ ဖြစ်လာသော်လည်း) အလ္လာဟ်အရှင်မြတ်၏ထံတော်၌ (တမန်တော်) အီစာ၏ဥပမာသည်ကား အာဒမ်နှင့်တူ၏။ အာဒမ်ကို မြေမှုန့်မှ ပုံဖော်ဖြစ်တည်စေပြီးနောက် “ဖြစ်စေ” ဟု မိန့်တော်မူ၍ ဖြစ်တည်လာခဲ့ပြီ။

❮ Previous Next ❯

ترجمة: إن مثل عيسى عند الله كمثل آدم خلقه من تراب ثم قال, باللغة البورمية

﴿إن مثل عيسى عند الله كمثل آدم خلقه من تراب ثم قال﴾ [آل عِمران: 59]

Ba Sein
၅၉။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်အထံတော်၌ တမန်တော်အီဆာသည် တမန်တော် အာဒမ်ကဲ့သို့ပင်ဖြစ်၏။ အသျှင်မြတ်သည် သူ့အား မြေမှုန့်မှ ဖန်ဆင်းတော်မူ၏။ အသျှင်မြတ်သည် သူ့အား သင်ဖြစ်ပေါ်လာလော့ဟု မိန့်တော်မူ၏။ ထိုအခါ သူဖြစ်ပေါ်လာရ၏။
Ghazi Mohammad Hashim
အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏အထံတော်၌ (နဗီတမန်တော်)အီစာ၏ (ထူးဆန်းသော) အဖြစ်ကား(နဗီတမန်တော်) အာဒမ်၏ (ထူးဆန်း သော) အဖြစ်ကဲ့သို့ပင်တည်း။ ထိုအရှင်မြတ်သည် (ဦးစွာပဌမ) ထို (နဗီတမန်တော်အာဒမ်)အား မြေကြီးဖြင့် ဖန်ဆင်းတော်မူခဲ့လေသည်၊ ပြီးနောက် ထိုအရှင်မြတ်သည် ထိုတမန်တော်အာဒမ်(၏ပုံ သဏ္ဌာန်)ကို ဖြစ်စေဟုမိန့်ကြားတော်မူခဲ့ရာ ထိုတမန်တော်အာဒမ်(၏ပုံသဏ္ဌာန်)သည် (အသက် ထင်ရှားရှိသောလူသတ္တဝါ)ဖြစ်လာခဲ့ရလေသတည်း။
Hashim Tin Myint
အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်ထံတွင် (တမန်‌တော်)အီစာ၏ပမာသည် (တမန်‌တော်)အာဒမ်ကဲ့သို့ဖြစ်သည်။ အရှင်မြတ်သည် (တမန်‌တော်)အာဒမ်ကို ‌မြေကြီးမှ ဖန်ဆင်းပြီး‌နောက် ဖြစ်‌စေဟု မိန့်ကြား‌တော်မူလိုက်‌သောအခါ (လူ)ဖြစ်လာခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek