Quran with Burmese translation - Surah al-‘Imran ayat 61 - آل عِمران - Page - Juz 3
﴿فَمَنۡ حَآجَّكَ فِيهِ مِنۢ بَعۡدِ مَا جَآءَكَ مِنَ ٱلۡعِلۡمِ فَقُلۡ تَعَالَوۡاْ نَدۡعُ أَبۡنَآءَنَا وَأَبۡنَآءَكُمۡ وَنِسَآءَنَا وَنِسَآءَكُمۡ وَأَنفُسَنَا وَأَنفُسَكُمۡ ثُمَّ نَبۡتَهِلۡ فَنَجۡعَل لَّعۡنَتَ ٱللَّهِ عَلَى ٱلۡكَٰذِبِينَ ﴾
[آل عِمران: 61]
﴿فمن حاجك فيه من بعد ما جاءك من العلم فقل تعالوا ندع﴾ [آل عِمران: 61]
Ba Sein ၆၁။ အကြင်သူသည် သင့်ထံသို့ အလင်းပြကျမ်းတော်ရောက်လာပြီးမှ ဤအကြောင်းနှင့်စပ်လျဉ်း၍ သင်နှင့်ငြင်းခုံခြင်းပြု၏။ ထိုသူအား သင်ဟောကြားလော့။ ဟယ် အချင်းတို့ လာကြလော့။ ငါတို့သည် ငါတို့သားများ၊ သင်တို့သားများ၊ ငါတို့မိန်းမများ၊ သင်တို့မိန်းမများ၊ ငါတို့၊ သင်တို့အားလုံးကို ခေါ်ပြီးလျှင် အကျွနု်ပ်တို့၏အသျှင်သခင်အား ကျိုးနွံ့ရိုသေလေးမြတ်စွာဝတ်ပြု၍ မုသားဆိုသူတို့အပေါ်သို့ အသျှင်မြတ်၏ ကျိန်ဆဲတော်မူခြင်း ဆိုက်ရောက်စေသော်ဟု ဆုတောင်းကြစို့။ |
Ghazi Mohammad Hashim သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင့် ထံ၌(ငါအရှင်မြတ်အထံတော်မှ မှန်ကန်သော) အသိတရား ရောက်ရှိလာပြီးသည့် နောက်သော်မှပင်၊ အကြင်သူ တစ်ဦးတစ်ယောက်သည် ယင်း (နဗီ တမန်တော်အီစာ)နှင့်ပတ်သက်၍အသင့်အား အချေအတင်ပြောဆိုခဲ့ပါမူ၊ အသင်သည်(ယင်းသူတို့ အား)(ဟယ်-အချင်းတို့) လာကြကုန်လော့။(အသင်တို့နှင့်) အကျွန်ုပ်တို့သည် (ပူးပေါင်း ကာ) အကျွန်ုပ်တို့၏သားမြေးတို့ကိုလည်းကောင်း၊ အသင်တို့၏သားမြေးတို့ကိုလည်းကောင်း၊ အကျွန်ုပ် တို့၏မိန်းမများကိုလည်းကောင်း၊အသင်တို့၏ မိန်းမများကိုလည်းကောင်း၊ ခေါ်ယူ (စုရုံးစေ)ပြီးအကျွန်ုပ်တို့ကိုယ်တိုင်နှင့် အသင်တို့ကိုယ်တိုင်လည်း (ပါဝင်ကြကုန်အံ့)။ ထို့နောက် အကျွန်ုပ်တို့(နှင့် အသင်တို့)သည် (ပူးပေါင်းကာ အလ္လာဟ်အရှင်မြတ် အထံတော်၌ ဤအချေအတင်ပြောဆိုရာတွင်) မုသားပြောဆိုသူတို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ် ၏ လအ်နတ် (အရှင်မြတ်၏ ကရုဏာတော်မှကင်းဝေးခြင်းသည်) ကျရောက်ပါစေသား ဟူ၍ စိတ်ရောကိုယ်ပါ တောင်းပန် အသနားခံကြကုန်အံ့ ဟု ပြောဆိုပါလေ။ |
Hashim Tin Myint သို့ဖြစ်ရာ အသင်၏ထံသို့ အသိပညာရောက်ရှိပြီးသည့်နောက် ၎င်း(တမန်တော်အီစာ)နှင့်ပတ်သက်ပြီး တစ်ဦးတစ်ယောက်သည် အသင့်အား စောဒကတက် ငြင်းခုံခဲ့မည်ဆိုလျှင် (အို- တမန်တော်)အသင်သည် (ထိုသူများအား)ပြောလိုက်ပါ၊ အသင်တို့လာကြပါ၊ ကျွန်ုပ်တို့၏သားမြေးများနှင့် အသင်တို့၏သားမြေးများကို၊ ကျွန်ုပ်တို့၏ (အိမ်သူအိမ်သားများထဲမှ)အမျိုးသမီးများနှင့် အသင်တို့၏ (အိမ်သူအိမ်သားများထဲမှ)အမျိုးသမီးများကို ခေါ်ယူကြပြီး ကျွန်ုပ်တို့ကိုယ်တိုင်နှင့် အသင်တို့ကိုယ်တိုင်လည်း (ပါဝင်ပြီးနောက် အရှင်မြတ်ရှေ့တော်မှောက်တွင် ရိုကျိုးစွာ ဤသို့) လျှောက်ထား(ကျိန်ဆို)ကြမည်၊ “(တမန်တော်အီစာနှင့်ပတ်သက်ပြီး) မုသားပြောသူများအပေါ်တွင် အလ္လာဟ်အရှင်မြတ်၏ လအ်နသ်(အရှင်မြတ်၏ ကရုဏာကင်းဝေးမှု) ကျရောက်ပါစေ“ (ဟု ပြောဆိုကြမည်)။ |