Quran with Burmese translation - Surah al-‘Imran ayat 65 - آل عِمران - Page - Juz 3
﴿يَٰٓأَهۡلَ ٱلۡكِتَٰبِ لِمَ تُحَآجُّونَ فِيٓ إِبۡرَٰهِيمَ وَمَآ أُنزِلَتِ ٱلتَّوۡرَىٰةُ وَٱلۡإِنجِيلُ إِلَّا مِنۢ بَعۡدِهِۦٓۚ أَفَلَا تَعۡقِلُونَ ﴾
[آل عِمران: 65]
﴿ياأهل الكتاب لم تحاجون في إبراهيم وما أنـزلت التوراة والإنجيل إلا من﴾ [آل عِمران: 65]
Ba Sein ၆၅။ အို...ရှေးကျမ်းတော်ရရှိသူတို့ တောင်ရတ်ကျမ်းတော်၊ အင်ဂျီလ်ကျမ်းတော်တို့ကို တမန်တော် အီဗရာဟီမ်၏လက်ထက်တော်အတွင်း ချပေးတော်မမူငြားသော်လည်း သင်တို့သည် ထိုတမန်တော်အကြောင်းကို အဘယ်ကြောင့် အငြင်းအခုံပြုလုပ်မည်နည်း။ သင်တို့၌ အသိဉာဏ် မရှိသလော။ |
Ghazi Mohammad Hashim အို-ရှေးအထက် ကျမ်းဂန်များကို ရရှိသူအပေါင်းတို့၊ အသင်တို့သည် တမန်တော် အစ်ဗ်ရာဟီမ် နှင့်ပတ်သက်၍ (ထိုတမန်တော်သည်ယဟူဒီဖြစ်သည်ဟူ၍လည်းကောင်း၊ ခရစ်ယာန်ဖြစ်သည်ဟူ၍လည်းကောင်း) အဘယ်ကြောင့် အချေအတင် ပြောဆိုငြင်းခုံကြသနည်း။ အမှန်စင်စစ်တောင်ရာတ် နှင့် အီန်ဂျီလ် ကျမ်းများသည် ထိုတမန်တော်အစ်ဗ်ရာဟီမ်၏နောက် (အတန်ကြာမှပင်) ကျရောက်လာသောကျမ်းဂန်များဖြစ်၏။ (ယဟူဒီနှင့်ခရစ်ယာန်ဘာသာ အယူဝါဒများသည် ထိုကျမ်းဂန်များကျရောက်ပြီးနောက်တွင်မှဖြစ်ပေါ်လာသောဘာသာ အယူဝါဒများသာ ဖြစ်ပေရာ တမန်တော် အစ်ဗ်ရာဟီမ်သည် အဘယ်သို့လျှင် ယဟူဒီ၊ သို့မဟုတ်ခရစ်ယာန်ဘာသာဝင် ဖြစ်နိုင်အံ့နည်း၊ ဤမျှ ထင်ရှားသောစကားကိုပင်) အသင်တို့ မသိမမြင် မဆင်ခြင်ကြပါသလော။ |
Hashim Tin Myint အို- ကျမ်းရသူအပေါင်းတို့၊ သောင်ရာသ်နှင့် အင်ဂျီလ်ကျမ်းများသည် (တမန်တော်)အိဗ်ရာဟီမ်၏နောက်မှ ကျလာသောကျမ်းများဖြစ်ပါလျက်နှင့်* အသင်တို့သည် (တမန်တော်)အိဗ်ရာဟီမ်နှင့်စပ်လျဉ်း၍ (၎င်းသည် ယဟူဒီဖြစ်သည်၊ နတ်စ်ွရာနီဖြစ်သည်ဟု) အဘယ့်ကြောင့် ပြောဆိုငြင်းခုံကြသနည်း။ သို့ဖြစ်ရာ အသင်တို့သည် (ဤမျှပင်) မသိနားမလည်ကြလေသလော။ |