Quran with Burmese translation - Surah al-‘Imran ayat 66 - آل عِمران - Page - Juz 3
﴿هَٰٓأَنتُمۡ هَٰٓؤُلَآءِ حَٰجَجۡتُمۡ فِيمَا لَكُم بِهِۦ عِلۡمٞ فَلِمَ تُحَآجُّونَ فِيمَا لَيۡسَ لَكُم بِهِۦ عِلۡمٞۚ وَٱللَّهُ يَعۡلَمُ وَأَنتُمۡ لَا تَعۡلَمُونَ ﴾
[آل عِمران: 66]
﴿ها أنتم هؤلاء حاججتم فيما لكم به علم فلم تحاجون فيما ليس﴾ [آل عِمران: 66]
Ba Sein ၆၆။ မှတ်သားကြလော့။ သင်တို့သည် မိမိအနည်းငယ်မျှသိသောအကြောင်းအရာကို အခြေအတင် ပြောဆိုငြင်းခုံကြသူများဖြစ်ကြ၏။ သင်တို့လုံးဝမသိသော အကြောင်းအရာကို အဘယ့်ကြောင့် ငြင်းခုံကြသနည်း။ အလ္လာဟ်အသျှင်မြတ်သည် သိတော်မူ၏။ သင်တို့ကား မသိကြပေ။ |
Ghazi Mohammad Hashim ဟယ် - အချင်းတို့၊ အသင်တို့သည် အကြငအကြောင်း နှင့်စပ် လျဉ်း၍ အချေအတင် ပြောဆိုခဲ့ကြချေပြီ။(ထိုအကြောင်းနှင့်စပ်လျဉ်း၍) အသင်တို့၌ အနည်းငယ်မျှသာအသိတရားရှိခဲ့၏။ ယခုတဖန် မိမိတို့လုံးဝမသိသောကိစ္စနှင့်စပ်လျဉ်း၍ အဘယ်ကြောင့် အသင်တို့ အချေအတင်ငြင်းခုံပြောဆိုကြပြန်သနည်း။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းကို လုံးဝဥဿုံအလုံးစုံ)သိတော်မူ၏၊ အသင်တို့မူကား (အဘယ်တစ်စုံတစ်ရာကိုမျှအတိအကျ) သိနားမလည်ကြချေ။ |
Hashim Tin Myint အသင်တို့သည် အသင်တို့တွင် အသိအနည်းငယ်သာရှိသောအရာနှင့်ပတ်သက်ပြီး ငြင်းခုံပြောဆိုခဲ့ကြပြီဖြစ်သည်။* ထို့နောက်(ယခုတစ်ခါ) အသင်တို့ထံတွင် အသိ လုံးဝမရှိသောအရာနှင့်ပတ်သက်၍ အဘယ့်ကြောင့် ပြောဆိုငြင်းခုံနေကြပြန်သနည်း။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အားလုံးကို)သိတော်မူ၍ အသင်တို့သည် (မည်သည်ကိုမျှ) သိကြမည်မဟုတ်ပေ။ |