Quran with Burmese translation - Surah al-‘Imran ayat 64 - آل عِمران - Page - Juz 3
﴿قُلۡ يَٰٓأَهۡلَ ٱلۡكِتَٰبِ تَعَالَوۡاْ إِلَىٰ كَلِمَةٖ سَوَآءِۭ بَيۡنَنَا وَبَيۡنَكُمۡ أَلَّا نَعۡبُدَ إِلَّا ٱللَّهَ وَلَا نُشۡرِكَ بِهِۦ شَيۡـٔٗا وَلَا يَتَّخِذَ بَعۡضُنَا بَعۡضًا أَرۡبَابٗا مِّن دُونِ ٱللَّهِۚ فَإِن تَوَلَّوۡاْ فَقُولُواْ ٱشۡهَدُواْ بِأَنَّا مُسۡلِمُونَ ﴾
[آل عِمران: 64]
﴿قل ياأهل الكتاب تعالوا إلى كلمة سواء بيننا وبينكم ألا نعبد إلا﴾ [آل عِمران: 64]
Ba Sein ၆၄။ အို...တမန်တော် ဟောကြားလော့။ အို...ရှေးကျမ်းတော်ရရှိသူတို့ သင်တို့နှင့် ငါတို့သည် အလ္လာဟ်အသျှင်မြတ်မှတစ်ပါး အခြားတစ်စုံတစရာကို မကိုးကွယ်ကြောင်း အသျှင်မြတ်နှင့် ဘက်စပ်သူမထားကြောင်း၊ အကျွနု်ပ်တို့အထဲမှ တစ်စုံတစ်ယောက်မှ အလ္လာဟ်အသျှင်မြတ်မှတစ်ပါး အခြားသူများကို အသျှင်သခင်ဟု မယူကြောင်း ဂတိစာချုပ် ချုပ်ဆိုကြပါစို့။ အကယ်၍ သူတို့သည် သဘောမတူ ကျောခိုင်းသွားကြလျှင် သူတို့အား ဟောကြားလော့။ အကျွနု်ပ်တို့သည် အလ္လာဟ်အသျှင်မြတ်အား ကျိုးနွံ့နာခံသူများဖြစ်ကြောင်းကို သက်သေခံကြလော့။ |
Ghazi Mohammad Hashim (အို-နဗီ) အသင်သည် (ယဟူဒီနှင့် ခရစ် ယာန်တို့အား) ပြောကြားပါလေ၊ အို-ကျမ်းဂန် ရရှိသူအပေါင်းတို့၊အသင်တို့သည် အကျွန်ုပ်တို့နှင့် အသင်တို့ကြား၌ (အားလုံးလက်ခံထားသည့်) တူညီသော စကားဘက်သို့လာကြကုန်၊(ထိုစကားသည်ကား) ငါတို့သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားမည်သည့်အရာကိုမျှ မခဝပ်မကိုးကွယ်ခြင်း၊ငါတို့သည် တစ်စုံတစ်ခုသော အရာကိုမျှ ထိုအရှင်မြတ်နှင့်တွဲဖက်ယှဉ်ဖက်ဟူ၍ မပြုခြင်း၊ ငါတို့အနက် အချို့သည်အလ္လာဟ်အရှင်မြတ်ကို ဖဲကြဉ်၍ အချို့သောသူများကို မွေးမြူတော်မူသော အရှင်များဟူ၍ မပြုလုပ်ခြင်း (ပင်တည်း)။ (ယင်းကဲ့သို့ ဖိတ်ခေါ်ပြီးသည့်နောက်သော်မှပင်) အကယ်၍ ထိုသူတို့သည် သွေဖည်ကျောခိုင်းသွားကြပါမူ (အို-မုစ်လင်မ် အပေါင်းတို့) အသင်တို့က (ထိုသူတို့အား၊ အချင်းတို့) ကျွန်ုပ်တို့သည်(အလ္လာဟ်အရှင်မြတ်၏) အမိန့်တော်များကို မုချနာခံသောမုစ်လင်မ်များပင်ဖြစ်ကြောင်း အသင်တို့ ကိုယ်တိုင် သက်သေခံကြကုန်ဟု ပြောဆိုကြကုန်လော့။ |
Hashim Tin Myint (အို- တမန်တော်)အသင် ပြောလိုက်ပါ၊ အို- ကျမ်းရသူအပေါင်းတို့၊ အသင်တို့သည် ကျွန်ုပ်တို့နှင့် အသင်တို့၏ကြားတွင် တူညီသော ကလိမဟ်စကားတစ်ခုဘက်သို့ လာကြပါ၊ (ထိုစကားမှာ) ငါတို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သူ့ကိုမျှ မကိုးကွယ်ခြင်းနှင့် မည်သည့်အရာကိုမျှ အရှင်မြတ်နှင့် တွဲဖက်မပြုလုပ်ခြင်း(ဖြစ်သည်)။ အကယ်၍ သူတို့သည် မျက်နှာလွှဲကျောခိုင်းသွားကြလျှင် အသင်တို့သည် “ကျွန်ုပ်တို့သည် အမှန်စင်စစ် (အလ္လာဟ်အရှင်မြတ်၏)အမိန့်တော်များကို လိုက်နာကြသော မွတ်စ်လင်မ်များသာဖြစ်ကြောင်း အသင်တို့ သက်သေခံကြပါ“ဟု ပြောဆိုကြပါ။ |