×

ဧကန်ပင်၊ လူသားတို့အနက် (တမန်တော်) အီဗ်ရာဟီးမ် (၏ယုံကြည်မှု) နှင့် အနီးစပ်ဆုံး ဆက်နွယ်နေသည့် ပုဂ္ဂိုလ်တို့မှာ သူ့ကို (နဗီတမန်တော်တစ်ပါးအဖြစ်လက်ခံ၍) နာခံလိုက်နာသူများ၊ 3:68 Burmese translation

Quran infoBurmeseSurah al-‘Imran ⮕ (3:68) ayat 68 in Burmese

3:68 Surah al-‘Imran ayat 68 in Burmese (البورمية)

Quran with Burmese translation - Surah al-‘Imran ayat 68 - آل عِمران - Page - Juz 3

﴿إِنَّ أَوۡلَى ٱلنَّاسِ بِإِبۡرَٰهِيمَ لَلَّذِينَ ٱتَّبَعُوهُ وَهَٰذَا ٱلنَّبِيُّ وَٱلَّذِينَ ءَامَنُواْۗ وَٱللَّهُ وَلِيُّ ٱلۡمُؤۡمِنِينَ ﴾
[آل عِمران: 68]

ဧကန်ပင်၊ လူသားတို့အနက် (တမန်တော်) အီဗ်ရာဟီးမ် (၏ယုံကြည်မှု) နှင့် အနီးစပ်ဆုံး ဆက်နွယ်နေသည့် ပုဂ္ဂိုလ်တို့မှာ သူ့ကို (နဗီတမန်တော်တစ်ပါးအဖြစ်လက်ခံ၍) နာခံလိုက်နာသူများ၊ ဤနဗီတမန်တော် (မုဟမ္မဒ်) နှင့် ယုံကြည်သူများပင် ဖြစ်ကြပြီး အလ္လာဟ်အရှင်မြတ်သည် (အရေးကိစ္စဟူသမျှအတွက် သူတို့၏ကိုယ်စိတ်နှလုံးတို့ကို အရှင်မြတ်ထံ ယုံကြည်အပ်နှံ၍ နာခံကြသော) ယုံကြည်သူတို့၏အုပ်ထိန်းစောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: إن أولى الناس بإبراهيم للذين اتبعوه وهذا النبي والذين آمنوا والله ولي, باللغة البورمية

﴿إن أولى الناس بإبراهيم للذين اتبعوه وهذا النبي والذين آمنوا والله ولي﴾ [آل عِمران: 68]

Ba Sein
၆၈။ တမန်တော် အီဗရာဟီမ်နှင့် အနီးစပ်ဆုံးသောသူတို့မှာ သူ့ကို လိုက်နာသူများ၊ တမန်တော် မိုဟမ္မဒ်၊ သူနှင့်အတူ ယုံကြည်သူများဖြစ်ကြ၏။ အလ္လာဟ်အသျှင်မြတ်သည် ယုံကြည်သူများအား ကာကွယ် စောင့်ရှောက်သော အဆွေခင်ပွန်းဖြစ်တော်မူ၏။
Ghazi Mohammad Hashim
မုချ တမန်တော် အစ်ဗ်ရာဟီမ်နှင့် အနီးစပ်ဆုံးသော သူတို့သည်ကား အမှန်စင်စစ် ထိုတမန်တော် (အစ်ဗ်ရာဟီမ်၏ ဩဝါဒများ)ကို လိုက်နာသူများသည် လည်းကောင်း၊ဤနဗီတမန်တော် (မုဟမ္မဒ်ဆွာလ္လလာဟု အလိုင်ဟိဝစလာမ်)သည်လည်းကောင်း၊ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကုန်သော(တမန်တော်မုဟမ္မဒ်၏ တပည့် နောက်လိုက်များ)သည်လည်းကောင်း၊ ဖြစ်ကြပေသည်။ အလ္လာဟ်အရှင်မြတ်သည်(မှန်ကန်စွာ)ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသော မုအ်မင်န်များကို စောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူ၏။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek