×

ထိုအရှင်မြတ်သည် သက်မဲ့ (အစေ့အဆံနှင့်သုက်ရည်တို့) မှ (အရှင့်နိယာမတော်နှင့်အညီ) သက်ရှိကို ဖြစ်တည်ပေါ်ထွက်စေတော်မူ၍ ထိုသက်ရှိမှ (စွမ်းရည်စွမ်းပကားများ ဆုတ်ယုတ်ပျက်စီးစေတော်မူလျက်) သက်မဲ့အဖြစ်သို့ ရောက်စေတော်မူပြီး 30:19 Burmese translation

Quran infoBurmeseSurah Ar-Rum ⮕ (30:19) ayat 19 in Burmese

30:19 Surah Ar-Rum ayat 19 in Burmese (البورمية)

Quran with Burmese translation - Surah Ar-Rum ayat 19 - الرُّوم - Page - Juz 21

﴿يُخۡرِجُ ٱلۡحَيَّ مِنَ ٱلۡمَيِّتِ وَيُخۡرِجُ ٱلۡمَيِّتَ مِنَ ٱلۡحَيِّ وَيُحۡيِ ٱلۡأَرۡضَ بَعۡدَ مَوۡتِهَاۚ وَكَذَٰلِكَ تُخۡرَجُونَ ﴾
[الرُّوم: 19]

ထိုအရှင်မြတ်သည် သက်မဲ့ (အစေ့အဆံနှင့်သုက်ရည်တို့) မှ (အရှင့်နိယာမတော်နှင့်အညီ) သက်ရှိကို ဖြစ်တည်ပေါ်ထွက်စေတော်မူ၍ ထိုသက်ရှိမှ (စွမ်းရည်စွမ်းပကားများ ဆုတ်ယုတ်ပျက်စီးစေတော်မူလျက်) သက်မဲ့အဖြစ်သို့ ရောက်စေတော်မူပြီး မြေကမ္ဘာကိုလည်း ယင်းမှာခြောက်သွေ့ခန်းခြောက်လျက် မြေသေဖြစ်ပြီးနောက် (ကောင်းကင်ယံမှ သွန်းချ​စေတော်မူသောရေကြောင့် ပြန်လည်ရှင်သန်) စိုပြေစေတော်မူကာ (အပင်မျိုးစုံကို) ထိုနည်းအတိုင်းပင် ပေါ်ထွက်စေတော်မူ၏။

❮ Previous Next ❯

ترجمة: يخرج الحي من الميت ويخرج الميت من الحي ويحي الأرض بعد موتها, باللغة البورمية

﴿يخرج الحي من الميت ويخرج الميت من الحي ويحي الأرض بعد موتها﴾ [الرُّوم: 19]

Ba Sein
၁၉။ အလ္လာဟ်အရှင်မြတ်သည် သက်မဲ့မှ သက်ရှိကို ဖန်ဆင်းတော်မူ၏၊ သက်ရှိကိုလည်း သက်မဲ့ဖြစ်စေတော်မူ၏၊ မြေသေကို တဖန်မြေရှင်ဖြစ်စေတော်မူ၏၊ ထိုသို့ပင်လျှင်သင်တို့ကို ရှင်ပြန်ထမြောက်စေတော်မူလိမ့်မည်။
Ghazi Mohammad Hashim
ထိုအရှင်မြတ်သည် သက်ရှိကိုသက်မဲ့မှ ထုတ်တော်မူ၏။ ထိုနည်းတူစွာ သက်မဲ့ကိုသက်ရှိမှ ထုတ်တော်မူ၏။ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ပထဝီမြေကို ယင်းပထဝီမြေသေ(သွေ့ခြောက်)ပြီးနောက် ပြန်ရှင်(စိုပြည်စိမ်းလန်း)စေတော်မူ၏။ စင်စစ်သော်ကား အသင်တို့သည်လည်း ဤနည်းနှင်နှင် ထွက်စေခြင်းကို ခံကြရကုန်အံ့သတည်း။
Hashim Tin Myint
အရှင်မြတ်သည် သက်ရှိကို သက်မဲ့မှ ထုတ်ယူ‌တော်မူသည်။ ထို့ပြင် သက်မဲ့ကို သက်ရှိမှ ထုတ်ယူ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် ‌မြေပထဝီကို ထို‌မြေသည် ‌သေပြီး‌နောက် ပြန်ရှင်‌စေ‌တော်မူသည်။ (‌သွေ့‌ခြောက်ပြီး‌နောက် ပြန်လည်စို‌ပြေ‌စေ‌တော်မူသည်)။ ထို့ပြင် အသင်တို့သည်လည်း ဤသို့ပင် ထုတ်ခြင်းခံကြရမည်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek