Quran with Burmese translation - Surah Ar-Rum ayat 25 - الرُّوم - Page - Juz 21
﴿وَمِنۡ ءَايَٰتِهِۦٓ أَن تَقُومَ ٱلسَّمَآءُ وَٱلۡأَرۡضُ بِأَمۡرِهِۦۚ ثُمَّ إِذَا دَعَاكُمۡ دَعۡوَةٗ مِّنَ ٱلۡأَرۡضِ إِذَآ أَنتُمۡ تَخۡرُجُونَ ﴾
[الرُّوم: 25]
﴿ومن آياته أن تقوم السماء والأرض بأمره ثم إذا دعاكم دعوة من﴾ [الرُّوم: 25]
Ba Sein ၂၅။ တဖန်အလ္လာဟ်အရှင်မြတ်၏ တန်ခိုးအ့ံဖွယ်တော်များအနက် တစ်ပါးမှာ မိုးကောင်ကင်နှင့် ကမ္ဘာမြေပြင်သည် အရှင်မြတ်၏ ဗျာဒိတ်တော်ကြောင့် ခိုင်ခန့်မြဲမြံစွာတည်နေရ၏၊ ထို့နောက်အရှင်မြတ်ဆင့်ခေါ်တော်မူသောအခါ သင်တို့သည် မြေကြီးထဲမှ အမှန်ထွက်လာကြရမည်သာတည်း။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်များအနက်မှပင်၊ မိုးကောင်းကင်နှင့် ပထဝီမြေ၏ရပ်တည်နေခြင်းသည်လည်း ဖြစ်ပေသည်။ ထို့နောက် ထိုအရှင်မြတ်သည် အသင်တို့အား ပထဝီမြေမှ (ထွက်လာကြအံ့သောငှာ) တစ်ကြိမ်မျှ ဟစ်ခေါ်တော်မူသောအခါ ရုတ်တရက်အသင်တို့သည် ထွက်လာကြကုန်အံ့သတည်း။ |
Hashim Tin Myint ထို့ပြင် အရှင်မြတ်၏သက်သေလက္ခဏာများထဲတွင် အရှင်မြတ်၏အမိန့်တော်ဖြင့် မိုးကောင်းကင်နှင့် မြေပထဝီ၏ရပ်တည်နေခြင်းလည်း ပါဝင်သည်။* ထို့နောက် အရှင်မြတ်သည် အသင်တို့အား မြေကြီးထဲမှ(ထုတ်ယူတော်မူရန်) ဟစ်ခေါ်မှု တစ်ကြိမ်ဟစ်ခေါ်လိုက်သည်နှင့် အသင်တို့သည် ချက်ချင်းထွက်လာကြလိမ့်မည်။ |