Quran with Burmese translation - Surah Ar-Rum ayat 26 - الرُّوم - Page - Juz 21
﴿وَلَهُۥ مَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ كُلّٞ لَّهُۥ قَٰنِتُونَ ﴾
[الرُّوم: 26]
﴿وله من في السموات والأرض كل له قانتون﴾ [الرُّوم: 26]
Ba Sein ၂၆။ မြေနှင့်ဘင်္ဂတွင် ရှိသမျှအပေါင်းတို့ကို အလ္လာဟ်အရှင်မြတ်သည် စိုးပိုင်တော်မူ၏၊ အနန္တစကြဝဠာတို့သည် အရှင်မြတ်အား ကျိုးနွံနာခံကြ၏။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး မိုးကောင်းကင်များ၌ ရှိကြသူတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိကြသူတို့သည် လည်းကောင်း၊ ထိုအရှင်မြတ် ပိုင်ဆိုင်တော်မူသော သူများချည်းသာ ဖြစ်ကြကုန်၏။ (၎င်းတို့)အသီးသီးတို့မှာ ထိုအရှင်မြတ်၏ အမိန့်တော်များကို လိုက်နာကြကုန်၏။ |
Hashim Tin Myint ထို့ပြင် မိုးကောင်းကင်များတွင်ရှိသမျှနှင့် မြေပထဝီတွင်ရှိသမျှသူများသည် အရှင်မြတ်ပင် ပိုင်ဆိုင်တော်မူသည်။ အားလုံးကိုယ်စီသည် အရှင်မြတ်၏အမိန့်တော်ကို လိုက်နာနေကြခြင်းဖြစ်သည်။ |