Quran with Burmese translation - Surah Ar-Rum ayat 41 - الرُّوم - Page - Juz 21
﴿ظَهَرَ ٱلۡفَسَادُ فِي ٱلۡبَرِّ وَٱلۡبَحۡرِ بِمَا كَسَبَتۡ أَيۡدِي ٱلنَّاسِ لِيُذِيقَهُم بَعۡضَ ٱلَّذِي عَمِلُواْ لَعَلَّهُمۡ يَرۡجِعُونَ ﴾
[الرُّوم: 41]
﴿ظهر الفساد في البر والبحر بما كسبت أيدي الناس ليذيقهم بعض الذي﴾ [الرُّوم: 41]
Ba Sein ၄၁။ လူသားတို့၏လက်များသည် ဒုစရိုက်မှုများကို ပြုကြသောကြောင့် ကြည်းရေနှစ်ပါးအရပ်များ၌ ဘေးအန္တရာယ် သည် အနှံ့အပြားပေါ်ပေါက်လာ၏၊ ထိုပေါ်လာရခြင်းမှာ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား မိမိတို့ ပြုကျင့်မှုအချို့၏ အရသာကို မြည်းစမ်းစေဖို့ရာဖြစ်၏၊ သို့မှသာလျှင်သူတို့သည် သုစရိုက်မှုသို့ ပြန်လာကြ လိမ့်မည်။ |
Ghazi Mohammad Hashim လူတို့၏လက်များက ဆည်းပူးခဲ့ကြသော(မကောင်းမှုဒုစရိုက်တို့)ကြောင့် ကုန်းမြေ၌လည်းကောင်း၊ သမုဒ္ဒရာပင်လယ်၌လည်းကောင်း၊ ပျက်စီးမှု (ဘေးဥပါဒ်များ)သည် ဖြစ်ပေါ်၍နေချေပြီ။ နောက်ဆုံးတွင် ထိုအရှင်မြတ်သည် ၎င်းတို့ကျင့်မူခဲ့ကြသော ပြစ်မှုအချို့၏ရသာကို ၎င်းတို့အား မြည်းစမ်းစေတော်မူမည် ဖြစ်ပေသည်။ သို့မှသာလျှင် ၎င်းတို့သည် (မိမိတို့၏ ပြစ်မှုများမှ) ပြန်လှည့်ကြပေမည်။ |
Hashim Tin Myint လူများ၏လက်များက ရှာဖွေ(ကျူးလွန်)ခဲ့ကြသည့်အရာ(မကောင်းမှု)များကြောင့် ကုန်းမြေနှင့် ပင်လယ်တွင် ပျက်စီးမှု(ဒုက္ခ)များသည် ဖြစ်ပေါ်နေရသည်။ (ထိုသို့ဖြစ်ရခြင်းမှာ) သူတို့သည် (မကောင်းမှုများမှ) ပြန်လှည့်လာကြရန် သူတို့ပြုလုပ်ခဲ့သော လုပ်ရပ်အချို့၏အရသာကို အရှင်မြတ်က သူတို့အား မြည်းစမ်းစေတော်မူရန်ဖြစ်သည်။ |