×

အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူပြီးနောက် သင်တို့အား (အသက်ရှင်ရပ်တည်ရေးဆိုင်ရာ လိုအပ်ချက်များနှင့်) စားနပ်ရိက္ခာများကို ထောက်ပံ့တော်မူပြီး တစ်ဖန် သေစေတော်မူပြီးနောက် (ရှင်ပြန်ထရမည့်နေ့တွင်) ပြန်လည်ရှင်စေတော်မူမည်။ 30:40 Burmese translation

Quran infoBurmeseSurah Ar-Rum ⮕ (30:40) ayat 40 in Burmese

30:40 Surah Ar-Rum ayat 40 in Burmese (البورمية)

Quran with Burmese translation - Surah Ar-Rum ayat 40 - الرُّوم - Page - Juz 21

﴿ٱللَّهُ ٱلَّذِي خَلَقَكُمۡ ثُمَّ رَزَقَكُمۡ ثُمَّ يُمِيتُكُمۡ ثُمَّ يُحۡيِيكُمۡۖ هَلۡ مِن شُرَكَآئِكُم مَّن يَفۡعَلُ مِن ذَٰلِكُم مِّن شَيۡءٖۚ سُبۡحَٰنَهُۥ وَتَعَٰلَىٰ عَمَّا يُشۡرِكُونَ ﴾
[الرُّوم: 40]

အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူပြီးနောက် သင်တို့အား (အသက်ရှင်ရပ်တည်ရေးဆိုင်ရာ လိုအပ်ချက်များနှင့်) စားနပ်ရိက္ခာများကို ထောက်ပံ့တော်မူပြီး တစ်ဖန် သေစေတော်မူပြီးနောက် (ရှင်ပြန်ထရမည့်နေ့တွင်) ပြန်လည်ရှင်စေတော်မူမည်။ ထိုသို့ အရှင်မြတ်က ဖြစ်စေတော်မူသည့်အရာများအနက်မှ မည်သည့်ဖြစ်ရပ်တစ်စုံတစ်ခုကို အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်၍ ကိုးကွယ်ကြသော သင်တို့၏ကိုးကွယ်ရာများအနက်မှ လုပ်နိုင်သူ မည်သူရှိသနည်း။ ထိုအရှင်မြတ်သည် (အတုမဲ့၊ အနှိုင်းမဲ့ဖြစ်ပြီး သက်ရှိသက်မဲ့တို့၏အရည်အသွေးများကို ဖြစ်တည်စေတော်မူသောအရှင်ဖြစ်ကြောင်း၊ ကိုးကွယ်ထိုက်သော နာမတော်၊ ဂုဏ်တော်အလုံးစုံကို ပိုင်ဆိုင်တော်မူပြီး) သန့်ရှင်းစင်ကြယ်တော်မူကြောင်းနှင့်သူတို့တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသော ကိုးကွယ်ရာအားလုံးထက် (လူသားတို့၏ဉာဏ်ရည်၊ ဉာဏ်စွမ်းဖြင့် ပုံမဖော်နိုင်အောင်ပင်) အတိုင်းအဆမဲ့ ကြီးကျယ်မြင့်မြတ်လှကြောင်းကို ယုံကြည်လက်ခံ၍ ဂုဏ်တင်ပါ၏။

❮ Previous Next ❯

ترجمة: الله الذي خلقكم ثم رزقكم ثم يميتكم ثم يحييكم هل من شركائكم, باللغة البورمية

﴿الله الذي خلقكم ثم رزقكم ثم يميتكم ثم يحييكم هل من شركائكم﴾ [الرُّوم: 40]

Ba Sein
၄ဝ။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ကို ဖန်ဆင်းကျွေးမွေးထားတော်မူ၏၊ ထို့နောက်သင်တို့ကို သေစေတော်မူ၏၊ ထို့နောက်ပြန်ရှင်စေတော်မူ၏၊ သင်တို့ အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်သောဘုရားတုဘုရားယောင်များသည် ထိုကဲ့သို့တစ်စုံတစ်ရာစီရင်ပြုလုပ်နိုင်ကြသလော၊ သူတို့တွဲဖက်သောဘုရားတုများထက် အလ္လာဟ်အရှင်မြတ်သည် အတိုင်းမသိ၊ သာလွန်မြင့်မြတ်တော်မူ၏၊ ကုံလုံအ့ံချီးမဆုံးဖြစ်တော်မူ၏။
Ghazi Mohammad Hashim
အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် အသင်တို့အား ဖန်ဆင်းတော်မူခဲ့သောအရှင်မြတ် ဖြစ်တော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည်ပင် အသင်တို့အား စားနပ်ရိက္ခာ ပေးသနားတော်မူခဲ့၏။ ထို့နောက် ထိုအရှင်မြတ်သည်ပင်အသင်တို့အား သေစေတော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည်ပင် အသင်တို့အား ရှင်စေတော်မူမည်။ (အသင်တို့ ထိုအရှင်မြတ်နှင့် နှိုင်းယှဉ်တွဲဖက် ကိုးကွယ်လျက် ရှိကြကုန်သော)အသင်တို့၏ တွဲဖက်များတွင် ဤသည်တို့အနက် မည်သည့်တစ်စုံတစ်ရာကိုမဆို ပြုစွမ်းနိုင်သောသူဟူ၍ တစ်ဦးတစ်ယောက်မျှပင် ရှိလေသလော။ ထိုအရှင်မြတ်သည် ၎င်းတို့ တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသည်များမှ စင်ကြယ်သန့်ရှင်း မြင့်မြတ်လှတော်မူပေသည် တကား။
Hashim Tin Myint
အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်း‌တော်မူ‌သောအရှင်မြတ် ဖြစ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည်ပင် အသင်တို့အား စားနပ်ရိက္ခာ‌ပေးသနား‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည်ပင် အသင်တို့အား ‌သေ‌စေ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည်ပင် အသင်တို့အား ရှင်‌စေ‌တော်မူမည်။ အသင်တို့၏တွဲဖက်ကိုးကွယ်ရာများသည် ဤအရာများထဲမှ မည်သည့်အရာတစ်ခုမျှကိုပင်ဖြစ်‌စေ ပြုလုပ်နိုင်ကြသူဟူ၍ ရှိပါသ‌လော။ အရှင်မြတ်သည် သူတို့ တွဲဖက်ကိုးကွယ်ကြသည်များ(၏ချို့တဲ့ချွတ်ယွင်းမှုအ‌ပေါင်း)မှ သန့်ရှင်းစင်ကြယ်‌တော်မူပြီး (ဂုဏ်ဒြပ်)အလွန်မြင့်မား‌တော်မူလှသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek