Quran with Burmese translation - Surah Ar-Rum ayat 58 - الرُّوم - Page - Juz 21
﴿وَلَقَدۡ ضَرَبۡنَا لِلنَّاسِ فِي هَٰذَا ٱلۡقُرۡءَانِ مِن كُلِّ مَثَلٖۚ وَلَئِن جِئۡتَهُم بِـَٔايَةٖ لَّيَقُولَنَّ ٱلَّذِينَ كَفَرُوٓاْ إِنۡ أَنتُمۡ إِلَّا مُبۡطِلُونَ ﴾
[الرُّوم: 58]
﴿ولقد ضربنا للناس في هذا القرآن من كل مثل ولئن جئتهم بآية﴾ [الرُّوم: 58]
Ba Sein ၅၈။ အမှန်မှာ ငါသည် လူသားတို့အဖို့အရာ ကျမ်းမြတ်ကုရ်အာန်၌ ပမာပမြည်အမျိုးမျိုးအဖုံဖုံတို့အား စီရင်ထား တော်မူ၏၊ တမန်တော်၊ အကယ်၍သင်သည် သူတို့ထံသို့ အ့ံဖွယ်သရတစ်ပါးပါးကို ဆောင်ကြဉ်းလာလျှင် မိစ္ဆာဒိဋ္ဌိမိုက်တို့က ဟယ်-အချင်းတို့၊ သင်တို့သည် မျက်လှည့်အတတ်၌ လိမ္မာသူလူလိမ်လူကောက်များသာ ဖြစ်ကြ၏ဟု အမှန်ကြွေးကြော်ကြလတံ့။ |
Ghazi Mohammad Hashim စင်စစ်သော်ကား ဧကန်မလွဲ ငါအရှင်မြတ်သည် လူတို့အကျိုးငှာ ဤကုရ်အာန်ကျမ်းတော်မြတ်တွင် ဥပမာပုံဆောင်ချက်အမျိုးစုံတို့ကို ခိုင်းနှိုင်းထားတော်မူ၏။ သို့ရာတွင် အကယ်၍ အသင်သည် ၎င်းတို့ထံ သက်သေလက္ခဏာတစ်စုံတစ်ရာကို ဆောင်ယူလာပါလျှင် ဧကန်အမှန် သွေဖည်ငြင်းပယ်ကြသောသူတို့က "အသင်တို့သည် လူလိမ်များသာလျှင်ဖြစ်ကြသည်" ဟု ပြောဆိုကြပေမည်။ |
Hashim Tin Myint ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် လူများအတွက် ဤကုရ်အာန်ကျမ်းတော်မြတ်ထဲတွင် ပမာမျိုးစုံကို ခိုင်းနှိုင်းပြထားတော်မူသည်။ ထို့နောက် အကယ်၍ အသင်သည် သူတို့ထံသို့(အဘယ်မျှကြီးသည့်) သက်သေသာဓကတစ်ခုကိုဖြစ်စေ ယူဆောင်လာခဲ့လျှင်လည်း အမှန်စင်စစ် ငြင်းပယ်သူများက “အသင်တို့သည် (မှော်အတတ်နှင့်) အမှားပြုလုပ်(လိမ်လည်ကြံရွယ်)သူများပင် ဖြစ်ကြသည်“ဟု ပြောဆိုကြမည်ပင်ဖြစ်သည်။ |