Quran with Burmese translation - Surah As-Sajdah ayat 26 - السَّجدة - Page - Juz 21
﴿أَوَلَمۡ يَهۡدِ لَهُمۡ كَمۡ أَهۡلَكۡنَا مِن قَبۡلِهِم مِّنَ ٱلۡقُرُونِ يَمۡشُونَ فِي مَسَٰكِنِهِمۡۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٍۚ أَفَلَا يَسۡمَعُونَ ﴾
[السَّجدة: 26]
﴿أو لم يهد لهم كم أهلكنا من قبلهم من القرون يمشون في﴾ [السَّجدة: 26]
Ba Sein ၂၆။ သူတို့မဖြစ်ပေါ်မသေးမီ များလှစွာသောရှေးလူဟောင်းအဆက်ဆက်တို့သည် ပယ်ရှားသုတ်သင်ခဲ့လေပြီ၊ ထိုသို့ ပယ်ရှားသုတ်သင်သောသူတို့၏ နေရာထိုင်ခင်းများတွင် ဤသူတို့သည် လှည့်ပတ်သွားလာနေကြ၏၊ ထိုအခြင်း အရာများကို ကြည့်ရှုခြင်းအားဖြင့် ဤသူတို့သည် တရားသံဝေဂရသူဖို့ရာမဟုတ်ပေလော၊ မှတ်သားကြလော့၊ ထိုအခြင်းအရာများတွင် သာဓကတော်များအမှန်အကန်ပါရှိ၏၊ သို့ပါလျက်သူတို့ဂရုမစိုက်ကြဘူးလော။ |
Ghazi Mohammad Hashim ငါအရှင်မြတ်သည် ၎င်းတို့အလျင် မြောက်မြားစွာသောမျိုးနွယ်တို့ကို (သွေဖည်မှု၊ တွဲဖက်နှိုင်းယှဉ် ကိုးကွယ်မှုများကြောင့်) ဖျက်ဆီးတော်မူခဲ့၍၊ ၎င်းတို့ သည် (ဖျက်ဆီးခြင်းခံခဲ့ကြရသော)သူတို့၏ နေထိုင်ရာ ဒေသများ၌ (ဖြတ်သန်း)သွားလာလျက် ရှိကြသည်။ ဤသည် ၎င်းတို့အဖို့ တရားလမ်းညွှန် မဖြစ်လေသလော။ ဧကန်စင်စစ် ဤ(ဖြစ်ရပ်)၌ အမှန်ပင်သက်သေ အထောက်အထားများသည် ရှိကြပေသည်။ သို့ပါလျက် ၎င်းတို့သည် မကြားကြလေသလော။ |
Hashim Tin Myint ငါအရှင်မြတ်သည် သူတို့မတိုင်မီ မျိုးနွယ်အမြောက်အမြားကို (သူတို့၏ပြစ်မှုများကြောင့်) ဖျက်ဆီးတော်မူခဲ့သည်။ သူတို့သည် ထိုနေရာဒေသများတွင် သွားလာနေကြသည်။ ထို့နောက်လည်း (ဤသည်) သူတို့အတွက် လမ်းမှန်ညွှန်ကြားပြသချက် မဖြစ်သလော။ အမှန်စင်စစ် ထိုအထဲတွင် သက်သေသာဓကများ မုချရှိသည်။ ထို့နောက်လည်း သူတို့သည် မကြားကြလေသလော။ |