×

ဧကန်ပင်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ရှင်ပြန်ထမည့်နေ့တွင် သူတို့သဘောထားကွဲလွဲနေခဲ့ကြသော ယင်း (ကိစ္စရပ်များ) ၌ (မည်သူတို့က တ 32:25 Burmese translation

Quran infoBurmeseSurah As-Sajdah ⮕ (32:25) ayat 25 in Burmese

32:25 Surah As-Sajdah ayat 25 in Burmese (البورمية)

Quran with Burmese translation - Surah As-Sajdah ayat 25 - السَّجدة - Page - Juz 21

﴿إِنَّ رَبَّكَ هُوَ يَفۡصِلُ بَيۡنَهُمۡ يَوۡمَ ٱلۡقِيَٰمَةِ فِيمَا كَانُواْ فِيهِ يَخۡتَلِفُونَ ﴾
[السَّجدة: 25]

ဧကန်ပင်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ရှင်ပြန်ထမည့်နေ့တွင် သူတို့သဘောထားကွဲလွဲနေခဲ့ကြသော ယင်း (ကိစ္စရပ်များ) ၌ (မည်သူတို့က တ ရားလမ်း မှန်၌ ရှိပြီး မည်သူတို့က လမ်းမှား ရောက်ခဲ့ကြောင်းကို ရှင်းလင်းပြတ်သားစွာ) စီရင် ဆုံးဖြတ်တော်မူမည်ဖြစ်၏။

❮ Previous Next ❯

ترجمة: إن ربك هو يفصل بينهم يوم القيامة فيما كانوا فيه يختلفون, باللغة البورمية

﴿إن ربك هو يفصل بينهم يوم القيامة فيما كانوا فيه يختلفون﴾ [السَّجدة: 25]

Ba Sein
၂၅။ မှတ်သားကြလော့၊ သင်၏အရှင်သခင်သည် ရှင်ပြန်ထမြောက်သောနေ့တော်ကြီး၌ သူတို့အလယ်ကြားတွင် ၎င်းတို့အချင်းချင်းကွဲပြားနေသောအမှုများနှင့်စပ်လျဉ်း၍ စစ်ကြောစီရင်တော်မူမည်။
Ghazi Mohammad Hashim
ဧကန်အမှန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ကိယာမတ် ရှင်ပြန်ထမည့် နေ့တွင် (မုအ်မင်န် သက်ဝင်ယုံကြည်သူများနှင့် မုရှ်ရစ်က် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်)သူတို့၏အကြားဝယ် ၎င်းတို့ သဘောကွဲလွဲလျက်ရှိခဲ့ကြ ကုန်သောအရေးကိစ္စနှင့် စပ်လျဉ်း၍ စီရင်ဆုံးဖြတ်တော် မူအံ့သတည်း။
Hashim Tin Myint
အမှန်စင်စစ် အသင်(တမန်‌တော်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ကိယာမသ်‌နေ့တွင် သူ(မုအ်မင်န်များ နှင့် မုရှ်ရိက်များ)တို့၏အကြားတွင် သူတို့ ကွဲလွဲခဲ့‌နေကြသည့် ကိစ္စများနှင့်ပတ်သက်၍ (အမှား အမှန်ကို ယတိပြတ်)စီရင်ဆုံးဖြတ်‌တော်မူမည်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek