Quran with Burmese translation - Surah Al-Ahzab ayat 12 - الأحزَاب - Page - Juz 21
﴿وَإِذۡ يَقُولُ ٱلۡمُنَٰفِقُونَ وَٱلَّذِينَ فِي قُلُوبِهِم مَّرَضٞ مَّا وَعَدَنَا ٱللَّهُ وَرَسُولُهُۥٓ إِلَّا غُرُورٗا ﴾
[الأحزَاب: 12]
﴿وإذ يقول المنافقون والذين في قلوبهم مرض ما وعدنا الله ورسوله إلا﴾ [الأحزَاب: 12]
Ba Sein ၁၂။ ယုံကြည်သူဟန်ဆောင်သူများနှင့် စိတ်နှလုံး၌ မိစ္ဆာဝေဒနာစွဲကပ်သူတို့က အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်သည် အကျွနု်ပ်တို့အား မဟုတ်မမှန်ဖျားယောင်းလှည့်ပတ်ခြင်းမှတပါး အခြားတစ်စုံတစ်ယောက် ကိုမျှ ကတိသစ္စာမပေးချေဟု ပြောဆိုသောအခါ။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး အကြင်အခါဝယ် မုနာဖစ်က်အယောင်ဆောင်မုစ်လင်မ်များနှင့် စိတ်နှလုံးများတွင် ရောဂါရှိသူတို့က အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်သည်လည်းကောင်း၊ ကျွန်ုပ်တို့အားဖြားယောင်းခြင်းမှတစ်ပါး မှန်ကန်သောကတိကို ပေးခဲ့ကြသည်မဟုတ် ဟု ပြောဆိုလျက် ရှိခဲ့ကြကုန်၏။ |
Hashim Tin Myint ထို့ပြင် ထိုစဉ်က မုနာဖိက်အယောင်ဆောင်များနှင့် စိတ်နှလုံးများတွင် ရောဂါရှိသူများက (ဤသို့)ပြောဆိုနေခဲ့ကြသည်- “အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်တော်သည် ကျွန်ုပ်တို့အား ဖြားယောင်းသည်မှလွဲ၍ မှန်ကန်သည့်ကတိကို ပေးခဲ့ကြသည်မဟုတ်ပေ“။ |