Quran with Burmese translation - Surah Al-Ahzab ayat 30 - الأحزَاب - Page - Juz 21
﴿يَٰنِسَآءَ ٱلنَّبِيِّ مَن يَأۡتِ مِنكُنَّ بِفَٰحِشَةٖ مُّبَيِّنَةٖ يُضَٰعَفۡ لَهَا ٱلۡعَذَابُ ضِعۡفَيۡنِۚ وَكَانَ ذَٰلِكَ عَلَى ٱللَّهِ يَسِيرٗا ﴾
[الأحزَاب: 30]
﴿يانساء النبي من يأت منكن بفاحشة مبينة يضاعف لها العذاب ضعفين وكان﴾ [الأحزَاب: 30]
Ba Sein ၃ဝ။ အို-တမန်တော်၏ ကြင်ဘက်တော်အပေါင်းတို့၊ ရှင်မတို့အနက် ကာမပြစ်မှုကျူးလွန်သူအား သာမန်မိန်းမ ကို ပေးသောအပြစ်ဒဏ်၏ ထမ်းပိုနှစ်ဆတပ်ရိုက်တော်မူမည်၊ ဤသို့ဒဏ်ခတ်ခြင်းသည် အလ္လာဟ်အရှင်မြတ် အဖို့အရာ အလွန်လွယ်ကူလှပေ၏။ |
Ghazi Mohammad Hashim အို-နဗီတမန်တော်မြတ်၏ ကြင်ရာတော်အပေါင်းတို့၊ အသင်မတို့အနက် မည်သူမဆို ထင်ရှားစွာသာမဖွယ်မရာအမှုကိစ္စ တစ်စုံတစ်ခုကို ပြုလုပ်သည် ရှိသော်၎င်းမှာ နှစ်ဆတိုး၍ ပြစ်ဒဏ်ပေးခြင်းကို ခံရပေမည်။စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်၌ ယင်းကဲ့သို့ ပြုလုပ်ရန်လွယ်ကူပေသတည်း။ |
Hashim Tin Myint အို- တမန်တော်၏ကြင်ရာအပေါင်းတို့၊ အသင်မတို့ထဲမှ မည်သူမဆို ထင်ရှားသော စက်ဆုပ်ဖွယ်ရာအမှုကို ပြုလုပ်လျှင် ထိုသူမသည် ပြစ်ဒဏ်နှစ်ဆတိုးပေးခြင်းခံရမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်အပေါ်တွင် ထိုသို့ပြုလုပ်ရန် လွယ်ကူလှသည်။ |