Quran with Burmese translation - Surah Al-Ahzab ayat 29 - الأحزَاب - Page - Juz 21
﴿وَإِن كُنتُنَّ تُرِدۡنَ ٱللَّهَ وَرَسُولَهُۥ وَٱلدَّارَ ٱلۡأٓخِرَةَ فَإِنَّ ٱللَّهَ أَعَدَّ لِلۡمُحۡسِنَٰتِ مِنكُنَّ أَجۡرًا عَظِيمٗا ﴾
[الأحزَاب: 29]
﴿وإن كنتن تردن الله ورسوله والدار الآخرة فإن الله أعد للمحسنات منكن﴾ [الأحزَاب: 29]
Ba Sein ၂၉။ သို့သော်သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်တော်ကိုလည်းကောင်း၊ နောင်တမလွန်ရှိ ဗိမာန်တော်တို့ကိုလည်းကောင်း၊ မြတ်နိုးနှစ်သက်လိုလားကြလျှင် သင်တို့အနက်ဖြူစင်သူတို့အတွက် အလွန် ကြီးမားလှသောအောင်မင်္ဂလာတော်ကို အလ္လာဟ်အရှင်မြတ်သည် မုချဧကန်အသင့်စီရင်ထားတော်မူ၏။ |
Ghazi Mohammad Hashim သို့ရာတွင် အကယ်၍အသင်မတို့သည်အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ တမလွန် ဘဝကိုလည်းကောင်း၊ရည်စူးကြပါလျှင် မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် အသင်မတို့အနက် ကောင်းမြတ်သောအကျင့်သီလကို ဆောက်တည်ကြကုန်သော သူမတို့အဖို့ ကြီးကျယ်လှစွာသောအကျိုးကို အဆင်သင့်ပြုလုပ်၍ ထားရှိတော်မူသည်။ |
Hashim Tin Myint ထို့ပြင် အကယ်၍ အသင်မတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်တော်အပြင် တမလွန်ဘဝကို ရည်ရွယ်ကြလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်မတို့ထဲမှ ကောင်းမြတ်သည့်လုပ်ရပ်များ ပြုလုပ်ကြသည့်သူမတို့အတွက် ကြီးကျယ်သည့်အကျိုးကို အဆင်သင့် ပြုလုပ်ထားတော်မူသည်။ |