Quran with Burmese translation - Surah Al-Ahzab ayat 31 - الأحزَاب - Page - Juz 22
﴿۞ وَمَن يَقۡنُتۡ مِنكُنَّ لِلَّهِ وَرَسُولِهِۦ وَتَعۡمَلۡ صَٰلِحٗا نُّؤۡتِهَآ أَجۡرَهَا مَرَّتَيۡنِ وَأَعۡتَدۡنَا لَهَا رِزۡقٗا كَرِيمٗا ﴾
[الأحزَاب: 31]
﴿ومن يقنت منكن لله ورسوله وتعمل صالحا نؤتها أجرها مرتين وأعتدنا لها﴾ [الأحزَاب: 31]
| Ba Sein ၃၁။ ထို့အပြင်သင်တို့အနက် အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်အား ကျိုးနွံနာခံအ့ံ၊ ဖြောင့်မတ်မှန်ကန်မှုကို ကျင့်ကြံအ့ံ၊ ထိုသူမအား သာမန်မိန်းမများထက် နှစ်ဆထမ်းပိုးကို ငါအရှင်မြတ်ပေးသနား တော်မူမည်၊ ထို့အပြင်ထိုသူတော်ကောင်းမအဖို့အရာ အလွန်မွန်မြတ်သောဘောဇဉ်ခဲဖွယ်တို့ကို အသင့်ပြင်ဆင် ထားတော်မူ၏။ |
| Ghazi Mohammad Hashim ထိုနည်းတူစွာ မည်သူမဆို အသင်မတို့အနက်အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊လိုက်နာသည်ရှိသော်၊ ၎င်းပြင် ကောင်းမြတ်သော အကျင့်သီလကို ဆောက်တည်သော် ငါအရှင်မြတ်သည် ၎င်းအား ၎င်း၏အကျိုးကို နှစ်ဆချီးမြှင့် ပေးသနားတော်မူပေမည်။ ထိုမှတစ်ပါးငါအရှင်မြတ်သည် ၎င်း၏အဖို့ မြင့်မြတ်လှစွာသော ရိက္ခာကိုလည်း အဆင်သင့်ပြုလုပ်၍ ထားရှိတော်မူပြီး ဖြစ်ချေသတည်း။ |