×

(သင်တို့က အရှင်မြတ်အား ထိုသို့ သတိရလျက် ဂုဏ်တင်ခြင်းကို သဘောတူ လက်ခံတော်မူ သည့်အနေဖြင့်) သင်တို့အား (ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ 33:43 Burmese translation

Quran infoBurmeseSurah Al-Ahzab ⮕ (33:43) ayat 43 in Burmese

33:43 Surah Al-Ahzab ayat 43 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ahzab ayat 43 - الأحزَاب - Page - Juz 22

﴿هُوَ ٱلَّذِي يُصَلِّي عَلَيۡكُمۡ وَمَلَٰٓئِكَتُهُۥ لِيُخۡرِجَكُم مِّنَ ٱلظُّلُمَٰتِ إِلَى ٱلنُّورِۚ وَكَانَ بِٱلۡمُؤۡمِنِينَ رَحِيمٗا ﴾
[الأحزَاب: 43]

(သင်တို့က အရှင်မြတ်အား ထိုသို့ သတိရလျက် ဂုဏ်တင်ခြင်းကို သဘောတူ လက်ခံတော်မူ သည့်အနေဖြင့်) သင်တို့အား (ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့်နာမ်ရေးရာ) အမှောင်ထုများမှ (ဉာဏ်အလင်းရစေသော ကျမ်းတော်မြတ်ကုရ်အာန်၏) အလင်းသို့ ထုတ်ယူ၍ ဦးတည်စေတော်မူရန်အလို့ငှာ ထိုအရှင်မြတ် သည် (အရှင့်အထူးကရုဏာတော်ဖြင့်) လည်းကောင်း၊ အရှင့်မလာအီကာစေတမန်များ သည် (အရှင်မြတ်၏လွတ်ငြိမ်းခွင့်ရစေရန် ဆုတောင်းခြင်းဖြင့်) လည်းကောင်း၊ သင်တို့အပေါ်၌ (ကောင်းချီးမင်္ဂလာပို့သလျက်) မေတ္တာထားကြ၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် သက်ဝင်ယုံကြည်သူတို့အပေါ်၌ အလွန်တရာ သနားကြင်နာတော်မူသော အကြင်နာရှင်ပင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: هو الذي يصلي عليكم وملائكته ليخرجكم من الظلمات إلى النور وكان بالمؤمنين, باللغة البورمية

﴿هو الذي يصلي عليكم وملائكته ليخرجكم من الظلمات إلى النور وكان بالمؤمنين﴾ [الأحزَاب: 43]

Ba Sein
၄၃။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား ကောင်းကြီးမင်္ဂလာပြုတော်မူသောအရှင်ဖြစ်တော်မူ၏၊ အရှင်မြတ်၏ ကောင်းကင်တမန်များလည်း သင်တို့ကို ကောင်းကြီးမင်္ဂလာမေတ္တာပို့သကြ၏၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ ကို အဝိဇ္ဇာအမှောင်တွင်းမှ ဝိဇ္ဇာအလင်းရောင်သို့ ကယ်တင်တော်မူဖို့အလို့ငှာ ယင်းသို့ကောင်းကြီးမင်္ဂလာပြုခြင်း ဖြစ်သည်၊ အလ္လာဟ်အရှင်မြတ်သည် အယူမှန်သူတို့အား ကောင်းကြီးမင်္ဂလာပေူးသနားတော်မူ၏။
Ghazi Mohammad Hashim
ထိုအရှင်မြတ်သည် အကြင် အရှင်မြတ်ပင်။ထိုအရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ မလာအိကဟ် ကောင်းကင်တမန်များသည်လည်းကောင်း၊ အသင်တို့အပေါ်၌ ကောင်းချီးမင်္ဂလာ ပို့လျက်ရှိကြကုန်၏။ (သို့ပို့တော်မူခြင်းမှာ) ထိုအရှင်မြတ်သည် အသင်တို့အား အမှောင်ထုများမှအလင်းသို့ ထွက်စေတော်မူအံ့သောငှာဖြစ်၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အပေါ်၌ အလွန်တရာသနားကြင်နာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
Hashim Tin Myint
အရှင်မြတ်သည် ထိုအရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ ထိုအရှင်မြတ်နှင့် အရှင်မြတ်၏‌ကောင်းကင်တမန်များသည် အရှင်မြတ်က အသင်တို့အား အ‌မှောင်ထုမှ အလင်းသို့ ထွက်‌စေ‌တော်မူရန်အတွက် အသင်တို့အ‌ပေါ်တွင် ‌ကောင်းချီးမဂင်္လာပို့လျက်ရှိကြသည်။ ထို့ပြင် အရှင်မြတ်သည် အီမာန်ယုံကြည်သူများအ‌ပေါ်တွင် အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်မြတ် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek