×

သူတို့သည် ထိုအရှင်မြတ်နှင့်တွေ့ဆုံကြသောနေ့တွင် (သူတို့အား ကြိုဆိုလက်ခံမည့် မလာအီကာ စေတမန်များမှ ထာဝရပြစ်ဒဏ်မဖှ ကင်းလွတ်ကြောင်း၏အာမခံချက်အဖြစ်) သူတို့အတွက် နှုတ်ဆက်စကားမှာ ''စလာမ် ငြိမ်းချမ်းသာယာပါစေ'' 33:44 Burmese translation

Quran infoBurmeseSurah Al-Ahzab ⮕ (33:44) ayat 44 in Burmese

33:44 Surah Al-Ahzab ayat 44 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ahzab ayat 44 - الأحزَاب - Page - Juz 22

﴿تَحِيَّتُهُمۡ يَوۡمَ يَلۡقَوۡنَهُۥ سَلَٰمٞۚ وَأَعَدَّ لَهُمۡ أَجۡرٗا كَرِيمٗا ﴾
[الأحزَاب: 44]

သူတို့သည် ထိုအရှင်မြတ်နှင့်တွေ့ဆုံကြသောနေ့တွင် (သူတို့အား ကြိုဆိုလက်ခံမည့် မလာအီကာ စေတမန်များမှ ထာဝရပြစ်ဒဏ်မဖှ ကင်းလွတ်ကြောင်း၏အာမခံချက်အဖြစ်) သူတို့အတွက် နှုတ်ဆက်စကားမှာ ''စလာမ် ငြိမ်းချမ်းသာယာပါစေ'' ဟူ၍ပင် ဖြစ်ပေမည်။ ထို့ပြင် ထိုအရှင်မြတ်သည် သူတို့အတွက် ကျက်သရေ ဆောင် မြင့်မြတ်သော ရက်ရောသည့် အကျိုးဆုလဒ်ကို အသင့်ပြင်ဆင် ထားတော်မူ၏။

❮ Previous Next ❯

ترجمة: تحيتهم يوم يلقونه سلام وأعد لهم أجرا كريما, باللغة البورمية

﴿تحيتهم يوم يلقونه سلام وأعد لهم أجرا كريما﴾ [الأحزَاب: 44]

Ba Sein
၄၄။ အလ္လာဟ်အရှင်မြတ်အား ဒိဋ္ဌမျက်မြင်ဖူးမျော်ရမည့်နေ့တော်ကြီး၌ အရှင်မြတ်သည် သူတို့အား ငြိမ်သက်ချမ်းသာ စေကုန်ဟု နှုတ်ခွန်းဆက်တော်မူလတ့ံ၊ အရှင်မြတ်သည် သူတို့အဖို့အရာ အလွန်မွန်မြတ်သောအောင်ဆုမင်္ဂလာ ကို အသင့်စီရင်ထားတော်မူပြီ။
Ghazi Mohammad Hashim
၎င်းတို့သည် ထိုအရှင်မြတ်နှင့် တွေ့ဆုံကြသောနေ့တွင် (ထိုအရှင်မြတ်၏)၎င်းတို့အား နှုတ်ခွန်းဆက်တော် မူမည့် စကားမှာ စလာမ် ဟူ၍ပင် ဖြစ်ပေမည်။ ထိုမှတစ်ပါးထိုအရှင်မြတ်သည် ၎င်းတို့ အဖို့ မြင့်မြတ်လှစွာသော အကျိုးကိုအဆင်သင့် ပြုလုပ်၍ ထားရှိတော်မူပေသတည်း။
Hashim Tin Myint
သူတို့သည် အရှင်မြတ်နှင့် ‌တွေ့ဆုံကြမည့်‌နေ့တွင် သူတို့အား (အရှင်မြတ်က) နှုတ်ခွန်းဆက်သ‌တော်မူမည့်စကားမှာ စလာမ်(ငြိမ်းချမ်းသာယာမှုကျ‌ရောက်ပါ‌စေ)ဟူ၍ဖြစ်မည်။ ထို့ပြင် အရှင်မြတ်သည် သူတို့အတွက် မြင့်မြတ်‌သောအကျိုးကို အဆင်သင့်ပြုလုပ်ထား‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek