Quran with Burmese translation - Surah Al-Ahzab ayat 50 - الأحزَاب - Page - Juz 22
﴿يَٰٓأَيُّهَا ٱلنَّبِيُّ إِنَّآ أَحۡلَلۡنَا لَكَ أَزۡوَٰجَكَ ٱلَّٰتِيٓ ءَاتَيۡتَ أُجُورَهُنَّ وَمَا مَلَكَتۡ يَمِينُكَ مِمَّآ أَفَآءَ ٱللَّهُ عَلَيۡكَ وَبَنَاتِ عَمِّكَ وَبَنَاتِ عَمَّٰتِكَ وَبَنَاتِ خَالِكَ وَبَنَاتِ خَٰلَٰتِكَ ٱلَّٰتِي هَاجَرۡنَ مَعَكَ وَٱمۡرَأَةٗ مُّؤۡمِنَةً إِن وَهَبَتۡ نَفۡسَهَا لِلنَّبِيِّ إِنۡ أَرَادَ ٱلنَّبِيُّ أَن يَسۡتَنكِحَهَا خَالِصَةٗ لَّكَ مِن دُونِ ٱلۡمُؤۡمِنِينَۗ قَدۡ عَلِمۡنَا مَا فَرَضۡنَا عَلَيۡهِمۡ فِيٓ أَزۡوَٰجِهِمۡ وَمَا مَلَكَتۡ أَيۡمَٰنُهُمۡ لِكَيۡلَا يَكُونَ عَلَيۡكَ حَرَجٞۗ وَكَانَ ٱللَّهُ غَفُورٗا رَّحِيمٗا ﴾
[الأحزَاب: 50]
﴿ياأيها النبي إنا أحللنا لك أزواجك اللاتي آتيت أجورهن وما ملكت يمينك﴾ [الأحزَاب: 50]
Ba Sein ၅ဝ။ အို-တမန်တော်၊ သင်သည် တရားဝင်ကြင်ဘက်တော်အဖြစ်ဖြင့် သိမ်းပိုက်နိုင်ဖို့ရာ ငါအရှင်မြတ်ခွင့်ပြုသတ်မှတ် တော်မူသောမိန်းမများမှာ သင် ခန်းဝင်ပစ္စည်းပေးပြီးသောမိန်းမများ၊ သင့်အား အရှင်မြတ်ပေးသနားူတော်မူသော သုံ့လက်ရမိန်းမများ၊ ငွေဝယ်ကျွန်မများ၊ သင်နှင့်အတူတကွထွက်ပြေးပြောင်းရွှေ့လာသောသင်၏ ဘကြီးဘထွေး တို့၏ သမီးများ၊ သင်၏ အရီးကြီးအရီးလေးတို့၏ သမီးများ၊ သင်၏ ဦးရီးဦးလေးတို့၏ သမီးများ၊ သင်၏ မိကြီးမိထွေးတို့၏ သမီးများ၊ မိမိကိုယ်ကို မိမိတမန်တော်အား အပ်နှံ၍ တမန်တော်ကလည်း လက်ထပ်ရန် သဘောတူထားသောယုံကြည်သူမိန်းမတို့အသီးသီးဖြစ်ကြသည်။ အို-တမန်တော်၊ ဤပညတ်တော်များသည် အခြားယုံကြည်သူများနှင့်မသက်ဆိုင်၊ သင်၏အတွက်သက်သက်မျှဖြစ်၏၊ စင်စစ်အားဖြင့်ထိုသူများအတွက် ၎င်းတို့၏လက်ထပ်မယား၊ သုံ့လက်ရမယား၊ ငွေဝယ်ကျွန်မယားများနှင့်စပ်လျဉ်း၍ ကျင့်စဉ်ပညတ်တော်များ ကို ပြဋ္ဌာန်းတော်မူပြီးကြောင်းကို ငါအရှင်မြတ်ကောင်းစွာသိတော်မူ၏၊ အို-တမန်တော်၊ ကိုယ့်ကိုကိုယ်အပ်နှင်း သောမိန်းမများကို ခန်းဝင်ပစ္စည်းတစ်စုံတစ်ရာမပေးပဲ ထိမ်းမြားလက်ထပ်ခွင့်ပြုတော်မူခြင်းမှာ သင့်အပေါ်၌ အလ္လာဟ်အရှင်မြတ်သည် အပြစ်လွှတ်တော်မူထသောမဟာဂရုဏာတော်သခင်ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim အို-နဗီတမန်တော်၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင် မဟရ် ထိမ်းမြားကြေးပေးခဲ့သော အသင်၏ကြင်ရာများကိုလည်းကောင်း၊ အသင့်အား အလ္လာဟ်အရှင်မြတ်က လက်ရပစ္စည်းအဖြစ် ချီးမြှင့်တော်မူခဲ့၍ အသင်ပိုင်ဆိုင်ခဲ့သော ကျွန်မများကိုလည်းကောင်း၊ အသင်နှင့်အတူ ရွှေ့ပြောင်းခဲ့ကြလေသော အသင့်ဘကြီး၊ ဘထွေး၏သမီးများကို လည်းကောင်း၊ အသင့်မိကြီး၊ မိထွေးများ၏သမီးများကိုလည်း ကောင်း၊အသင့်ဦး၊ ဦးရီးများ၏သမီးများကိုလည်းကောင်း၊ အသင့်အရီးကြီး၊ အရီးလေးများ၏ သမီးများကိုလည်း ကောင်း၊အသင့်အဖို့ ဟလာလ်တရားဝင် ပြုလုပ်တော် မူ၏။ထိုနည်းတူစွာ မုအ်မင်န် သက်ဝင်ယုံကြည် သောအမျိုးသမီးတစ်ဦးသည် မိမိကိုယ်ကို အကယ်၍နဗီတမန်တော်မြတ်အား (မဟရ် ထိမ်းမြားကြေးမယူဘဲ)သက်သက်ပေးအပ်ခဲ့၍ ထိုနဗီတမန်တော်မြတ်သည် လည်းထိုအမျိုးသမီးနှင့် ထိမ်းမြားရန် ရည်စူးခဲ့ပါလျှင်ထိုအမျိုးသမီးအားလည်း (တရားဝင်ပြုလုပ်တော်မူ၏။ဤခွင့်ပြုချက်မှာ) အခြား မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အဖို့ မဟုတ်ဘဲ သက်သက် အသင်၏ အဖို့အထူး(ခွင့်ပြုခြင်းပင်)ဖြစ်၏။ ငါအရှင်မြတ်သည် ထိုမုအ်မင်န်သက်ဝင် ယုံကြည်သူတို့အပေါ်၌ ၎င်းတို့၏ဇနီးမိန်းမများ၊ ၎င်းတို့၏ ကျွန်မများနှင့်ပတ်သက်၍ ထုတ်ပြန်သတ်မှတ် တော်မူခဲ့သော အမိန့်ပညတ်တော်များကို ဧကန်စင်စစ် ငါအရှင်မြတ်သည် သိရှိတော်မူ၏။ (အသင့်အဖို့ ယင်း အထူးအမိန့်တော်ထုတ်ပြန်တော်မူခြင်းမှာ) အသင့်အပေါ်၌ ကျပ်တည်းမှု တစ်စုံတစ်ရာမရှိရန်(ထုတ်ပြန်တော်မူခြင်း)ပင် ဖြစ်ပေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသော၊ အလွန်တရာ သနားကြင်နာ ညှာတာတော် မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint အို- တမန်တော်၊ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်(ထိမ်းမြားဖို့ သဘောတူထားသည့်)မဟရ်ပစ္စည်းပေးခဲ့သော အသင်၏ကြင်ရာများ၊ အသင့်အား အလ္လာဟ်အရှင်မြတ်က သုံ့ပန်းအဖြစ်ပေးတော်မူခဲ့သဖြင့် အသင်ပိုင်ဆိုင်ခဲ့သော ကျွန်မများ၊ အသင်နှင့်အတူ ရွှေ့ပြောင်းလာခဲ့ကြသော အသင်၏ ဘကြီး၊ ဘထွေး၏သမီးများ၊ အသင်၏အဒေါ်ကြီးအဒေါ်လေး၏သမီးများ၊ အသင်၏ဦးကြီးဦးလေးများ၏သမီးများ၊ အသင်၏အရီးကြီးအရီးလေးများ၏သမီးများကို အသင့်အတွက် (လက်ထပ်လိုက လက်ထပ်ရန်) ဟလာလ် တရားဝင် ခွင့်ပြုပေးထားတော်မူသည်။ ထို့ပြင် အီမာန်ယုံကြည်သူ အမျိုးသမီးတစ်ဦးသည် မိမိကိုယ်ကို အကယ်၍ တမန်တော်မြတ်အား (ထိမ်းမြားဖို့ သဘောတူထားသည့် မဟရ်ပစ္စည်းမယူဘဲ) သက်သက်ပေးအပ်ခဲ့၍ တမန်တော်ကလည်း ထိုအမျိုးသမီးနှင့် ထိမ်းမြားရန် ရည်ရွယ်ခဲ့လျှင် ထိုအမျိုးသမီးကိုလည်း (တရားဝင်ပြုလုပ်တော်မူသည်။ ဤခွင့်ပြုချက်မှာ) အခြား အီမာန်ယုံကြည်သူများအတွက် မဟုတ်ဘဲ အသင်(တမန်တော်)အတွက် သက်သက် အထူး(ခွင့်ပြုခြင်းသာ)ဖြစ်သည်။* ငါအရှင်မြတ်သည် ထိုအီမာန်ယုံကြည်သူများအပေါ်တွင် သူတို့၏ဇနီးမိန်းမများ၊ သူတို့၏ကျွန်မများနှင့်ပတ်သက်၍ ချမှတ်တော်မူခဲ့သော အမိန့်တော်များအား အမှန်စင်စစ် ငါအရှင်မြတ် သိတော်မူသည်။ (အသင့်အတွက် ထိုအမိန့်ထုတ်ပြန်တော်မူခြင်းသည်) အသင်၏အပါ်တွင် မည်သည့်အရာမျှ ကျပ်တည်းမှု မရှိရန်အတွက်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်သနားတော်မူသောအရှင် ဖြစ်တော်မူသည်။ |