Quran with Burmese translation - Surah Al-Ahzab ayat 51 - الأحزَاب - Page - Juz 22
﴿۞ تُرۡجِي مَن تَشَآءُ مِنۡهُنَّ وَتُـٔۡوِيٓ إِلَيۡكَ مَن تَشَآءُۖ وَمَنِ ٱبۡتَغَيۡتَ مِمَّنۡ عَزَلۡتَ فَلَا جُنَاحَ عَلَيۡكَۚ ذَٰلِكَ أَدۡنَىٰٓ أَن تَقَرَّ أَعۡيُنُهُنَّ وَلَا يَحۡزَنَّ وَيَرۡضَيۡنَ بِمَآ ءَاتَيۡتَهُنَّ كُلُّهُنَّۚ وَٱللَّهُ يَعۡلَمُ مَا فِي قُلُوبِكُمۡۚ وَكَانَ ٱللَّهُ عَلِيمًا حَلِيمٗا ﴾
[الأحزَاب: 51]
﴿ترجي من تشاء منهن وتؤوي إليك من تشاء ومن ابتغيت ممن عزلت﴾ [الأحزَاب: 51]
Ba Sein ၅၁။ အို-တမန်တော်၊ သင်၏ကြင်ဘက်တော်များအနက် သီးခြားထားလိုသူကို သီးခြားထားလော့၊ မိမိအပါးတွင် ထားလိုသူကို အပါးတွင် ထားလော့၊ သင်သီးခြားထားသောမြောက်သားတော်များအနက် အလိုရှိသူကို မိမိ အပါးတွင် ပြန်ထားလော့၊ ဤသို့စီမံခြင်းသည် သာလွန်ကောင်းမွန်၏၊ သို့မှသာလျှင်သင်၏ကြင်ဘက်တော် များသည် စိတ်ပူဆွေးခြင်းမရှိပဲ ဝမ်းသာအားရရှိကြလိမ့်မည်၊ သို့မှသာလျှင်သူတို့သည် သင်ပေးသောအခွင့်အရေး များကို နှစ်သက်ကျေနပ်ကြလိမ့်မည်၊ စင်စစ်အားဖြင့် အလ္လာဟ်အရှင်မြတ်သည် အပြစ်လွှတ်တော်မူသော၊ သနားညှာတာတော်မူသောအရှင်ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim အသင်သည် ထိုကြင်ရာများအနက် မိမိအလိုမရှိသူအားခွဲထား၍ မိမိအလိုရှိသူအား မိမိအပါး၌ ထားရှိနိုင်ပေသည်။ ထိုနည်းတူစွာ အသင်သည် ဘေးဖယ်ထားခဲ့သူအားအလိုရှိခဲ့လျှင်လည်း ပြန်လည်ထားနိုင်သည်။ အသင့်အပေါ်၌အပြစ်တစ်စုံတရာမျှမရှိချေ။ ဤသည် ထိုကြင်ရာတို့၏မျက်စိအေးရန်၊ ထိုကြင်ရာတို့သည် သောကမဖြစ်ကြရန်၊ ထိုကြင်ရာ အားလုံးတို့သည် အသင်ပေးသမျှနှင့် နှစ်သိမ့်ကျေနပ်ကြရန် ပို၍ပင်နီးစပ်၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ် သည်အသင်တို့၏ စိတ်နှလုံးများ၌ ရှိသမျှတို့ကို ကောင်းစွာ သိရှိတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော၊ အလွန်တရာ သည်းခံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint အသင်သည် ထိုကြင်ရာများထဲမှ အသင်အလိုမရှိသူကို ခွဲထားပြီး အသင်အလိုရှိသူကို အသင်၏အပါး၌ ထားရှိနိုင်သည်။ ထို့ပြင် အသင်သည် ဘေးဖယ်ထားခဲ့သူမကိုလည်း အလိုရှိလျှင် ပြန်ထားနိုင်သည်။ အသင်၏အပေါ်တွင် မည်သည့်အရာမျှ အပြစ်မရှိပေ။* ဤသည် ထိုကြင်ရာများ၏မျက်စိအေးရန်၊ သူမတို့သည် သောကမဖြစ်စေရန်နှင့် သူမတို့အားလုံးသည် အသင်ပေးသမျှနှင့် နှစ်သိမ့်ကျေနပ်ကြရန် ပိုမိုနီးစပ်သည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏စိတ်နှလုံးများတွင် ရှိသမျှကို သိရှိတော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသောအရှင်၊ အလွန်သည်းခံတော်မူသောအရှင် ဖြစ်တော်မူသည်။ |