Quran with Burmese translation - Surah Al-Ahzab ayat 52 - الأحزَاب - Page - Juz 22
﴿لَّا يَحِلُّ لَكَ ٱلنِّسَآءُ مِنۢ بَعۡدُ وَلَآ أَن تَبَدَّلَ بِهِنَّ مِنۡ أَزۡوَٰجٖ وَلَوۡ أَعۡجَبَكَ حُسۡنُهُنَّ إِلَّا مَا مَلَكَتۡ يَمِينُكَۗ وَكَانَ ٱللَّهُ عَلَىٰ كُلِّ شَيۡءٖ رَّقِيبٗا ﴾
[الأحزَاب: 52]
﴿لا يحل لك النساء من بعد ولا أن تبدل بهن من أزواج﴾ [الأحزَاب: 52]
Ba Sein ၅၂။ အို-တမန်တော်၊ သင်သည် ဤလက်ထပ်ပြီးသောမိန်းမတို့အနက် အခြားမိန်းမများနှင့်တဖန် လက်မထပ်လင့်၊ အခြားမိန်းမ၏ ရုပ်ဆင်းအင်္ဂါကို သင်အဘယ်မျှပင် နှစ်ခြိုက်သော်လည်း ထိုမိန်းမတို့အား သင်သည် လက်ရှိ မယားများကို ကွာရှင်း၍ အစားထိုးသဘောဖြင့် မယူလင့်၊ သို့သော်ငွေဝယ်ကျွန်မများကို သင်နှစ်သက်မူကား ယူငင်သိမ်းပိုက်လော့၊ စင်စစ်အားဖြင့်အလ္လာဟ်အရှင်မြတ်သည် အရာရာကို စောင့်ကြည့်နေတော်မူ၏။ |
Ghazi Mohammad Hashim ဤသည့်နောက်တွင် (အထက်ဖော်ပြပါအင်္ဂါရပ်များနှင့်မညီသော) အခြား အမျိုးသမီးများသည် အသင့်အဖို့တရားမဝင်တော့ပြီ။ ထိုနည်းတူစွာ လက်ရှိကြင်ရာများ၏အစားအခြား အမျိုးသမီးများကို ၎င်းတို့၏လှပမှုသည် အသင့်အားနှစ်သက်စေခဲ့သော်လည်း အသင်သည် ပြောင်းလဲ(ထိမ်းမြား)နိုင်ခွင့်မရှိချေ။ သို့ရာတွင် အသင်ပိုင်ဆိုင်သောကျွန်မများကိုမူကား (ပြောင်းလဲနိုင်ခွင့်/ယူပိုင်ခွင့်ရှိ၏)။ စင်စစ် သော်ကားအလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ အပေါ်ဝယ်(ကောင်းစွာ) စောင့်ရှောက်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint ဤနောက်တွင် အခြားအမျိုးသမီးများသည် အသင့်အတွက်(လက်ထပ်ရန်)ခွင့်မပြုတော့ပေ။ ထို့ပြင် လက်ရှိကြင်ရာများ၏အစား အခြားအမျိုးသမီးများကို သူမတို့၏လှပမှုသည် အသင့်အား နှစ်သက်စေ(လောက်)လျှင်လည်း အသင်သည် ပြောင်းလဲ(လက်ထပ်)ပိုင်ခွင့်မရှိပေ။* သို့ရာတွင် အသင်ပိုင်ဆိုင်သော ကျွန်မများကိုမူ (ပြောင်းလဲပိုင်ခွင့်နှင့် ယူပိုင်ခွင့်ရှိသည်)။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအပေါ်တွင် အလွန် ထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင်မြတ် ဖြစ်တော်မူသည်။ |