Quran with Burmese translation - Surah Al-Ahzab ayat 53 - الأحزَاب - Page - Juz 22
﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَدۡخُلُواْ بُيُوتَ ٱلنَّبِيِّ إِلَّآ أَن يُؤۡذَنَ لَكُمۡ إِلَىٰ طَعَامٍ غَيۡرَ نَٰظِرِينَ إِنَىٰهُ وَلَٰكِنۡ إِذَا دُعِيتُمۡ فَٱدۡخُلُواْ فَإِذَا طَعِمۡتُمۡ فَٱنتَشِرُواْ وَلَا مُسۡتَـٔۡنِسِينَ لِحَدِيثٍۚ إِنَّ ذَٰلِكُمۡ كَانَ يُؤۡذِي ٱلنَّبِيَّ فَيَسۡتَحۡيِۦ مِنكُمۡۖ وَٱللَّهُ لَا يَسۡتَحۡيِۦ مِنَ ٱلۡحَقِّۚ وَإِذَا سَأَلۡتُمُوهُنَّ مَتَٰعٗا فَسۡـَٔلُوهُنَّ مِن وَرَآءِ حِجَابٖۚ ذَٰلِكُمۡ أَطۡهَرُ لِقُلُوبِكُمۡ وَقُلُوبِهِنَّۚ وَمَا كَانَ لَكُمۡ أَن تُؤۡذُواْ رَسُولَ ٱللَّهِ وَلَآ أَن تَنكِحُوٓاْ أَزۡوَٰجَهُۥ مِنۢ بَعۡدِهِۦٓ أَبَدًاۚ إِنَّ ذَٰلِكُمۡ كَانَ عِندَ ٱللَّهِ عَظِيمًا ﴾
[الأحزَاب: 53]
﴿ياأيها الذين آمنوا لا تدخلوا بيوت النبي إلا أن يؤذن لكم إلى﴾ [الأحزَاب: 53]
Ba Sein ၅၃။ အို-အယူမှန်သူအပေါင်းတို့၊ သင်တို့သည် ထမင်းမှီဝဲစားသောက်ဖို့အလို့ငှာ အချိန်မကျရောက်မီ အခွင့်မရပဲလျက် တမန်တော်၏အိမ်အတွင်းသို့ မဝင်ကြလင့်၊ သို့သော်သင်တို့ကို ဝင်ရန်ဖိတ်ခေါ်လျှင် ဝင်ကြလော့၊ စားသောက်ပြီး သောအခါ ထွက်ခွာသွားကြလော့၊ စကားစမြည်ပြောဆိုဖို့ရာ ဆိုင်းလင့်မနေကြလင့်၊ မှတ်သားကြလော့၊ ဤသို့ စကားစမြည်ဆို၍ ကြာမြင့်စွာနေထိုင်ခြင်းသည် တမန်တော်ကို နှောင့်ယှက်ရာမည်၏၊ တမန်တော်ကလည်း အားနာသောကြောင့် သင်တို့အား ပြန်သွားရန် ထုတ်ဖော်ပြောမည်မဟုတ်ချေ၊ သို့သော်အလ္လာဟ်အရှင်မြတ် မူကား အမှန်ကို ဗျာဒိတ်ပေးတော်မူဖို့ရာ အားနာတော်မမူချေ၊ ထို့အပြင်သင်တို့သည် တမန်တော်၏ခင်ပွန်း များထံမှ တစ်စုံတစ်ခုတောင်းရမ်းလျှင် ကန့်လန့်ကာအပြင်ဘက်မှနေ၍ တောင်းကြလော့၊ ယင်းသို့ပြုလုပ်ခြင်း သည် သင်တို့၏စိတ်နှလုံး၊ တမန်တော်၏မိန်းမတို့၏ စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေ၏၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ တမန်တော်ကို အနှောင့်အယှက်အလျဉ်းမပေးထိုက်ချေ၊ တမန်တော်ပရိနိဗ္ဗာန်စံတော် မူသည်ရှိသော် တမန်တော်၏ဇနီးများကို လက်ထပ်သိမ်းပိုက်ခြင်းအလျဉ်းမပြုထိုက်ချေ၊ အမှန်မှာ ယင်းကဲ့သို့ ပြုလုပ်ခြင်းကား အလ္လာဟ်အရှင်မြတ်အထံတော်၌ အလွန်ဆိုးသွမ်းစက်ဆုတ်ဖွယ်ရာဖြစ်၏။ |
Ghazi Mohammad Hashim အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အစားအစာစားသုံးရန် ခွင့်ပြုခြင်းခံကြရသည်မှတစ်ပါး နဗီတမန်တော်မြတ်၏ အိမ်များတွင် မဝင်ကြကုန်လင့်။ (သို့ခွင့်ပြုခြင်းခံကြရသော်လည်းအသင်တို့သည်)စားသောက်ရန်အချိန်ကို စောင့်မျှော်သူများမဖြစ်ကြဘဲ ဖိတ်ခေါ်ခြင်းခံကြရသော အခါမျိုး၌သာလျှင် ဝင်ရောက်ကြလေကုန်။ထို့နောက် စားသောက်၍ပြီးကြသောအခါ အသင်တို့သည်လူစုခွဲ ၍(ပြန်ခဲ့)ကြလေကုန်။ ထို့ပြင် (အသင်တို့သည်) စကားစမြည်ပြောဆိုခြင်း၌ စိတ်ဝင်စား၍ ထိုင်မနေကြကုန်လင့်။ဧကန်စင်စစ် ဤသည် နဗီတမန်တော်မြတ်အား စိတ်ဒုက္ခဖြစ်စေ၏။ သို့ပါသော်လည်း နဗီတမန်တော်မြတ်သည် အသင်တို့ကို အားနာတော်မူ၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်မှာမူကား မှန်ကန်သောစကားပြောကြားတော်မူရန် အားနာတော်မူသည် မဟုတ်ပေ။ ၎င်းအပြင် အသင်တို့သည် ထိုနဗီတမန်တော်မြတ်၏ကြင်ရာတော်များထံ ဝတ္တုပစ္စည်း တစ်စုံတစ်ရာကိုတောင်းကြသောအခါ ကန့်လန့်ကာ၏နောက်ကွယ်မှ တောင်းကြလေကုန်။ ဤသည် အသင်တို့၏ စိတ်နှလုံးများကို လည်းကောင်း၊ ထိုကြင်ရာတော်များ၏စိတ်နှလုံးများ ကိုလည်းကောင်း၊ပိုမို၍ပင် သန့်စင်စေ၏။ စင်စစ်သော်ကား အသင်တို့၌အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အား စိတ်ဒုက္ခပေးပိုင်ခွင့်လည်းမရှိချေ၊ ထိုနဗီတမန်တော်မြတ် မရှိသည့်နောက်တွင် ထိုနဗီ တမန်တော်မြတ်၏ ကြင်ရာတော်များနှင့်မည်သည့် အခါ၌မျှ ထိမ်းမြားပိုင်ခွင့်လည်းမရှိပေ။ ဧကန်မလွဲဤသည် အလ္လာဟ်အရှင်မြတ်အထံတော်၌ အလွန် ကြီးလေးသော၊ အပြစ်ဖြစ်သောအမှုပင် ဖြစ်ပေသည်။ |
Hashim Tin Myint အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အစားအစာစားရန် ခွင့်ပြုခြင်းခံရသည့်အခါမှလွဲ၍ တမန်တော်၏အိမ်များသို့ မဝင်ကြလေနှင့်။ (ထိုအခါတွင်လည်း) စားသောက်ရန်အချိန်ကို စောင့်မျှော်သူများ မဖြစ်ကြဘဲလျက် ဖိတ်ခေါ်ခံကြရသော အခါမျိုးမှသာ ဝင်ရောက်ကြပါ။ ထို့နောက် စားသောက်ပြီးသည့်အခါ အသင်တို့သည် လူစုခွဲပြီးပြန်ကြပါ။ ထို့ပြင် စကားစမြည်ပြောဆိုခြင်းတွင် စိတ်ဝင်စားပြီး ထိုင်မနေကြနှင့်။ အမှန်စင်စစ် ဤသည် တမန်တော်ကို စိတ်ဒုက္ခဖြစ်စေသည်။ ထို့နောက်လည်း တမန်တော်သည် အသင်တို့အား အားနာ(ရှက်)တော်မူသည်။ ထို့ပြင် အရှင်မြတ်ကမူ မှန်ကန်သည့်စကားပြောတော်မူရန် အားနာ(ရှက်)တော်မမူပေ။* ထို့ပြင် အသင်တို့သည် ထိုတမန်တော်၏ကြင်ရာများထံတွင် ပစ္စည်းတစ်စုံတစ်ခု တောင်းသည့်အခါ လိုက်ကာ၏နောက်မှ တောင်းကြပါ။* ဤသည် အသင်တို့၏စိတ်နှလုံးများနှင့် ထိုကြင်ရာများ၏စိတ်နှလုံးများကို ပိုမိုသန့်စင်စေသည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ တမန်တော်အား စိတ်ဒုက္ခပေးပိုင်ခွင့်မရှိပေ။* ထိုတမန်တော်မရှိသည့်နောက်တွင် သူ၏ကြင်ရာတော်များနှင့် မည်သည့်အခါမှ ထိမ်မြားပိုင်ခွင့်လည်းမရှိပေ။* အမှန်စင်စစ် ဤ(တမန်တော်ကို စိတ်ဒုက္ခပေးခြင်းနှင့် တမန်တော်မရှိသည့်နောက် ကြင်ရာတော်များကို ထိမ်းမြားခြင်း)သည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် အလွန်ကြီးလေးသောအပြစ်ဖြစ်သည်။ |