Quran with Burmese translation - Surah Al-Ahzab ayat 69 - الأحزَاب - Page - Juz 22
﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَكُونُواْ كَٱلَّذِينَ ءَاذَوۡاْ مُوسَىٰ فَبَرَّأَهُ ٱللَّهُ مِمَّا قَالُواْۚ وَكَانَ عِندَ ٱللَّهِ وَجِيهٗا ﴾
[الأحزَاب: 69]
﴿ياأيها الذين آمنوا لا تكونوا كالذين آذوا موسى فبرأه الله مما قالوا﴾ [الأحزَاب: 69]
Ba Sein ၆၉။ အို-ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် တမန်တော်မူစာအား မဟုတ်မမှန်စွပ်စွဲသူများကဲ့သို့မဖြစ်စေလင့်၊ သို့သော်အလ္လာဟ်အရှင်မြတ်သည် သူတို့၏မဟုတ်မလျားစွပ်စွဲချက်များမှ တမန်တော်မူစာသည် ကင်းလွတ် သန့်ရှင်းကြောင်းကို ထင်ရှားစေတော်မူ၏၊ စင်စစ်အားဖြင့်တမန်တော်မူစာသည် အလ္လာဟ်အရှင်မြတ်အထံတော် ၌ ကြီးစွာချီးမြှောက်ခြင်းခံရ၏။ |
Ghazi Mohammad Hashim အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အကြင်သူတို့ကဲ့သို့ မဖြစ်ကြကုန်လင့်။ ထိုသူတို့သည် မူစာအား စိတ်ဒုက္ခပေးခဲ့ကြကုန်၏။ ထို့နောက်အလ္လာဟ်အရှင်မြတ်သည် ထိုမူစာအား ၎င်းင်တို့၏ ပြောဆိုစွပ်စွဲချက်များမှ အပြစ်ကင်းကြောင်း ထင်ရှားစေတော်မူခဲ့၏။စင်စစ် ထိုမူစာသည် အလ္လာဟ်အရှင်မြတ်အထံတော်၌ဂုဏ်ကျက်သရေနှင့် အလွန်ပြည့်စုံသူပင် ဖြစ်ခဲ့ပေသတည်း။ |
Hashim Tin Myint အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အကြင်သူများကဲ့သို့ မဖြစ်ကြနှင့်။ ထိုသူများသည် (တမန်တော်)မူစာကို စိတ်ဒုက္ခပေးခဲ့ကြသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ၎င်း(တမန်တော်မူစာ)ကို သူတို့၏ပြောဆိုစွပ်စွဲမှုများမှ အပြစ်ကင်းကြောင်း ထင်ရှားစေတော်မူခဲ့သည်။ ထို့ပြင် ၎င်း(တမန်တော်မူစာ)သည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ဂုဏ်ရှိသည့်သူဖြစ်သည်။ |