×

ထို့ပြင် (အို၊ ရစူလ်တမန်တော်၊ သတိရပါလော့။) ငါအရှင်မြတ်သည် နဗီတမန်တော်တို့နှင့်အသင့် ထံမှလည်းကောင်း၊ (တမန်တော်) နူးဟ်၊ (တမန်တော်) အီဗ်ရာဟီးမ်၊ (တမန်တော်) 33:7 Burmese translation

Quran infoBurmeseSurah Al-Ahzab ⮕ (33:7) ayat 7 in Burmese

33:7 Surah Al-Ahzab ayat 7 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ahzab ayat 7 - الأحزَاب - Page - Juz 21

﴿وَإِذۡ أَخَذۡنَا مِنَ ٱلنَّبِيِّـۧنَ مِيثَٰقَهُمۡ وَمِنكَ وَمِن نُّوحٖ وَإِبۡرَٰهِيمَ وَمُوسَىٰ وَعِيسَى ٱبۡنِ مَرۡيَمَۖ وَأَخَذۡنَا مِنۡهُم مِّيثَٰقًا غَلِيظٗا ﴾
[الأحزَاب: 7]

ထို့ပြင် (အို၊ ရစူလ်တမန်တော်၊ သတိရပါလော့။) ငါအရှင်မြတ်သည် နဗီတမန်တော်တို့နှင့်အသင့် ထံမှလည်းကောင်း၊ (တမန်တော်) နူးဟ်၊ (တမန်တော်) အီဗ်ရာဟီးမ်၊ (တမန်တော်) မူဆာနှင့်မရ်ယမ်၏သား (တ မန်တော်) အီစာ တို့ထံမှလည်းကောင်း၊ ပဋိညာဉ်ကတိဝန်ခံချက်ကို ယူတော်မူခဲ့စဉ် ငါအရှင်မြတ်သည် သူတို့ထံမှ တည်ကြည်လေးနက်ပြီးခိုင်မာသော ပဋိညာဉ်ကတိဝန်ခံချက်ကို ယူတော်မူခဲ့ခြင်း ဖြစ်၏။

❮ Previous Next ❯

ترجمة: وإذ أخذنا من النبيين ميثاقهم ومنك ومن نوح وإبراهيم وموسى وعيسى ابن, باللغة البورمية

﴿وإذ أخذنا من النبيين ميثاقهم ومنك ومن نوح وإبراهيم وموسى وعيسى ابن﴾ [الأحزَاب: 7]

Ba Sein
၇။ အို-တမန်တော်မိုဟမ္မဒ်၊ ငါသည် တမန်တော်များထံမှ ပဋိညာဉ်ဝန်ခံချက်ကို ယူတော်မူရာ သင့်ထံမှလည်း ကောင်း၊ တမန်တော်နူဟိုထံမှလည်းကောင်း၊ တမန်တော်အေဗရာဟမ်ထံမှလည်းကောင်း၊ တမန်တော်မူစာထံမှ လည်းကောင်း၊ မရ်ယမ်၏သားတမန်တော်အီစာထံမှလည်းကောင်း၊ ခိုင်မာလုံလောက်သောပဋိညာဉ်ဝန်ခံချက်ကို ငါယူတော်မူ၏။
Ghazi Mohammad Hashim
၎င်းပြင် (ပြန်လည်သတိရပါလေ၊) တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် နဗီတမန်တော်တို့ထံမှ ပဋိညာဉ်ဝန်ခံချက်ကို ယူတော်မူခဲ့၏။ (ထိုတမန်တော်များတွင် အသင့်ထံမှလည်းကောင်း၊ နူဟ် ထံမှလည်းကောင်း၊ အီဗ်ရာဟီမ်၏ထံမှလည်းကောင်း၊ မူစာ ၏ထံမှလည်းကောင်း၊ မရ်ယမ်၏သားတော်အီစာ၏ထံမှလည်းကောင်း၊ (ပဋိညာဉ်ဝန်ခံချက်ကို ယူတော်မူခဲ့၏)။ စင်စစ် ငါအရှင်မြတ်သည် ၎င်းတို့ထံမှခိုင်မာသော ဝန်ခံချက်ကို ယူတော်မူခဲ့၏။
Hashim Tin Myint
ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် တမန်‌တော်များထံသို့ ကတိဝန်ခံချက်ကို ယူ‌တော်မူခဲ့သည်။ (ထိုတမန်‌တော်များထဲတွင်) အသင်၏ထံမှသာမက၊ (တမန်‌တော်များဖြစ်ကြသည့်) နူးဟ်၊ အိဗ်ရာဟီမ်၊ မူစာ၊ မရ်ယမ်၏သား အီစာတို့ထံမှလည်း (ကတိဝန်ခံချက် ယူ‌တော်မူခဲ့ခြင်းဖြစ်သည်)။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့ထံမှ ခိုင်မာ‌သော ကတိဝန်ခံချက်ကို ယူ‌တော်မူခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek