×

(ထိုသို့ ပဋိညာဉ်ကတိဝန်ခံချက်ယူတော်မူခဲ့ခြင်းမှာ) ထိုအရှင်မြတ်သည် (ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့် ကြံသော) ထိုသစ္စာဝါဒီတို့အား (အရှင့်သတင်းစကားအား လူသားထံ အရောက်ပို့ပေးရန် သူတို့ထံ ယုံ 33:8 Burmese translation

Quran infoBurmeseSurah Al-Ahzab ⮕ (33:8) ayat 8 in Burmese

33:8 Surah Al-Ahzab ayat 8 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ahzab ayat 8 - الأحزَاب - Page - Juz 21

﴿لِّيَسۡـَٔلَ ٱلصَّٰدِقِينَ عَن صِدۡقِهِمۡۚ وَأَعَدَّ لِلۡكَٰفِرِينَ عَذَابًا أَلِيمٗا ﴾
[الأحزَاب: 8]

(ထိုသို့ ပဋိညာဉ်ကတိဝန်ခံချက်ယူတော်မူခဲ့ခြင်းမှာ) ထိုအရှင်မြတ်သည် (ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့် ကြံသော) ထိုသစ္စာဝါဒီတို့အား (အရှင့်သတင်းစကားအား လူသားထံ အရောက်ပို့ပေးရန် သူတို့ထံ ယုံ ကြည်အပ်နှံမှုအဖြစ်အပ်နှံသော) အမှန်တရားသစ္စာနှင့်စပ်လျဉ်း၍ (ရှင်ပြန်ထမည့်နေ့တွင်) စစ်ဆေး မေးမြန်းတော်မူရန်သော ဖြစ်၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို ဖီဆန်ငြင်းပယ်သူ) သူတို့အတွက် ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်ကို အဆင်သင့် စီမံထားတော်မူ၏။

❮ Previous Next ❯

ترجمة: ليسأل الصادقين عن صدقهم وأعد للكافرين عذابا أليما, باللغة البورمية

﴿ليسأل الصادقين عن صدقهم وأعد للكافرين عذابا أليما﴾ [الأحزَاب: 8]

Ba Sein
၈။ ထိုသို့ခံဝန်ချက်ယူတော်မူခြင်းအလိုတော်မှာ သစ္စာရှိသူများအား သူတို့၏သစ္စာကို စစ်ကြောစီရင်ရန်အလို့ငှာ ဖြစ်၏၊ သစ္စာမဲ့သူတို့အဖို့အရာ အလွန်ပြင်းပြနာကျယ်ဖွယ်သောအပြစ်ဒဏ်တော်ကို အရှင်မြတ်အသင့်စီရင် ထားတော်မူ၏။
Ghazi Mohammad Hashim
(ယင်းကဲ့သို့ ပဋိညာဉ်ယူခဲ့တော်မူခြင်းမှာ) ထိုအရှင်မြတ်သည် သစ္စာဝါဒီတို့အား (ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင်) ၎င်းတို့၏ သစ္စာရှိမှုနှင့် စပ်လျဉ်း၍ စစ်ဆေးမေးမြန်းတော်မူအံ့သောငှာ ဖြစ်ပေသည်။ စင်စစ်သော်ကားထိုအရှင်မြတ်သည် ကာဖိရ် သွေဖည် ငြင်းပယ်ကြကုန်သောသူတို့အဖို့ ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို အဆင်သင့်ပြုလုပ်၍ ထားရှိတော်မူပေသတည်း။
Hashim Tin Myint
(ထိုသို့ ဝန်ခံချက်ယူ‌တော်မူခဲ့ခြင်းမှာ) အရှင်မြတ်သည် မှန်ကန်သူများအား (ကိယာမသ်‌နေ့တွင်) သူတို့၏မှန်ကန်မှုနှင့်ပတ်သက်၍ စစ်‌ဆေး‌မေးမြန်း‌တော်မူရန်အတွက် ဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် ကာဖိရ်များအတွက် နာကျင်‌စေသည့်ပြစ်ဒဏ်ကို အဆင်သင့် ပြုလုပ်ထား‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek