×

ထို့နောက် (တမန်တော်စုလိုင်မာန်ကွယ်လွန်စဉ်) ငါအရှင်မြတ်သည် သူ့အပေါ်၌ သေခြင်းတရားကို ပြဋ္ဌာန်းတော်မူလေသောအခါ သူ့ကွယ်လွန်မှုနှင့်စပ်လျဉ်း၍ သူ့တောင်ဝှေးကို စားလျက်ရှိသည့် မြေကြီး၌ လှုပ် ရှားသွားလာသောသက်ရှိ 34:14 Burmese translation

Quran infoBurmeseSurah Saba’ ⮕ (34:14) ayat 14 in Burmese

34:14 Surah Saba’ ayat 14 in Burmese (البورمية)

Quran with Burmese translation - Surah Saba’ ayat 14 - سَبإ - Page - Juz 22

﴿فَلَمَّا قَضَيۡنَا عَلَيۡهِ ٱلۡمَوۡتَ مَا دَلَّهُمۡ عَلَىٰ مَوۡتِهِۦٓ إِلَّا دَآبَّةُ ٱلۡأَرۡضِ تَأۡكُلُ مِنسَأَتَهُۥۖ فَلَمَّا خَرَّ تَبَيَّنَتِ ٱلۡجِنُّ أَن لَّوۡ كَانُواْ يَعۡلَمُونَ ٱلۡغَيۡبَ مَا لَبِثُواْ فِي ٱلۡعَذَابِ ٱلۡمُهِينِ ﴾
[سَبإ: 14]

ထို့နောက် (တမန်တော်စုလိုင်မာန်ကွယ်လွန်စဉ်) ငါအရှင်မြတ်သည် သူ့အပေါ်၌ သေခြင်းတရားကို ပြဋ္ဌာန်းတော်မူလေသောအခါ သူ့ကွယ်လွန်မှုနှင့်စပ်လျဉ်း၍ သူ့တောင်ဝှေးကို စားလျက်ရှိသည့် မြေကြီး၌ လှုပ် ရှားသွားလာသောသက်ရှိ (ခြ) မှအပ (အခြားမည်သည့် အရိပ်လက္ခဏာကိုမျှ) သူတို့အား ညွှန်ပြတော်မူခဲ့သည် မဟုတ်ပေ။ ထို့နောက် (တမန်တော်) စုလိုင်မာန်သည် မြေကြီးပေါ် လဲကျသွားခဲ့သောအခါ ဂျင်န်များက ''ဧကန်စင်စစ်၊ အကယ်၍ သူတို့သည် အကွယ်၌ရှိသည်ကို သိရှိကြလျှင် ဂုဏ်ရည်သေးသိမ်စေသောပြစ်ဒဏ်၌ ဆက်လက်၍ ပင်ပင်ပန်းပန်းလုပ်နေခဲ့ကြမည် မဟုတ်ကြောင်းကို” မြင်သာထင်ရှားစွာ ရှင်းရှင်းလင်းလင်း သိသွားခဲ့ကြလေ၏။

❮ Previous Next ❯

ترجمة: فلما قضينا عليه الموت ما دلهم على موته إلا دابة الأرض تأكل, باللغة البورمية

﴿فلما قضينا عليه الموت ما دلهم على موته إلا دابة الأرض تأكل﴾ [سَبإ: 14]

Ba Sein
၁၄။ ထို့အပြင်ငါသည် တမန်တော်စိုင်လိုင်မာန်၏ အသက်ဝိညာဉ်ကို နှုတ်သိမ်းရန် ဗျာဒိတ်ချတော်မူသောအခါ ဂျင်များသည် သူအနိစ္စရောက်ကြောင်းကို မသိကြချေ၊ သူ၏ လှံတံတောင်ဝှေးကို ခြစားဆွေးမြေ့၍ သူ့မြေသို့ လဲကျ၏၊ ထိုအခါမှသာ ဂျင်တို့သည် တမန်တော်ကွယ်လွန်ကြောင်းကို သိကြ၏၊ အကယ်၍ ထိုဂျင်တို့သည် တမန်တော်ကွယ်လွန်စက ထိုအကြောင်းကို သိကြလျှင် မုချဧကန်တမန်တော်ပေးသောသေးသိမ်နုံခြာသည့် အလုပ်ကို ဆက်လက်လုပ်နေကြမည်မဟုတ်ချေ။
Ghazi Mohammad Hashim
ထို့နောက် ငါအရှင်မြတ်သည် ထိုစုလိုင်မာန်၏အပေါ်၌ မရဏ သေခြင်းတရားကို ပြဋ္ဌာန်းတော် မူခဲ့လေသောအခါ ၎င်း၏လှင်ကန်တောင်ဝှေးကို စားလျက်ရှိသည့်မြေကြီး၌နေသောပိုးကောင်မှတစ်ပါး ၎င်း ကွယ်လွန်သေဆုံးပြီးဖြစ်ကြောင်းကို ထိုဂျင်န်များအား မည်သူကမျှ သိစေခဲ့သည်မဟုတ်ပေ။ ထို့နောက် ထိုစုလိုင်မာန်သည် လဲ၍ကျသွားခဲ့သောအခါ ဂျင်န် များသည် ဧကန်စင်စစ် အကယ်၍ မိမိတို့မှာအကွယ် ၌ရှိသည်များကိုသိရှိကြလျှင် ဤသည့်ဂုဏ်ရည် သေးသိမ်စေသောဒုက္ခ၌ ဆက်လက်၍ နေခဲ့ကြမည် မဟုတ်ကြောင်းသိသွားခဲ့ကြကုန်သတည်း။
Hashim Tin Myint
ထို့‌နောက် ငါအရှင်မြတ်သည် ထို(တမန်‌တော်)စုလိုင်မာန်၏အ‌ပေါ်တွင် ‌သေခြင်းကို ပြဋ္ဌာန်‌တော်မူသည့်အခါ ၎င်း၏‌တောင်‌ဝှေးကိုစား‌နေ‌သော ‌မြေပိုး(ခြ‌ကောင်)မှလွဲ၍ ၎င်း‌သေဆုံးပြီဖြစ်‌ကြောင်း ထိုဂျင်န်များအား မည်သူကမျှ ညွှန်ပြအသိမ‌ပေးခဲ့ကြ‌ပေ။ ထို့‌နောက် ၎င်းသည် လဲကျသွားသည့်အခါ ဂျင်န်များသည် အမှန်စင်စစ် သူတို့သည် အကွယ်ကိုသာ သိကြလျှင် ဤ‌သေးသိမ်‌စေ‌သော ဒုက္ခထဲတွင် ဆက်လက်‌နေခဲ့ကြမည် မဟုတ်‌ပေဆိုသည်ကို သိသွားခဲ့ကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek