Quran with Burmese translation - Surah Saba’ ayat 14 - سَبإ - Page - Juz 22
﴿فَلَمَّا قَضَيۡنَا عَلَيۡهِ ٱلۡمَوۡتَ مَا دَلَّهُمۡ عَلَىٰ مَوۡتِهِۦٓ إِلَّا دَآبَّةُ ٱلۡأَرۡضِ تَأۡكُلُ مِنسَأَتَهُۥۖ فَلَمَّا خَرَّ تَبَيَّنَتِ ٱلۡجِنُّ أَن لَّوۡ كَانُواْ يَعۡلَمُونَ ٱلۡغَيۡبَ مَا لَبِثُواْ فِي ٱلۡعَذَابِ ٱلۡمُهِينِ ﴾
[سَبإ: 14]
﴿فلما قضينا عليه الموت ما دلهم على موته إلا دابة الأرض تأكل﴾ [سَبإ: 14]
| Ba Sein ၁၄။ ထို့အပြင်ငါသည် တမန်တော်စိုင်လိုင်မာန်၏ အသက်ဝိညာဉ်ကို နှုတ်သိမ်းရန် ဗျာဒိတ်ချတော်မူသောအခါ ဂျင်များသည် သူအနိစ္စရောက်ကြောင်းကို မသိကြချေ၊ သူ၏ လှံတံတောင်ဝှေးကို ခြစားဆွေးမြေ့၍ သူ့မြေသို့ လဲကျ၏၊ ထိုအခါမှသာ ဂျင်တို့သည် တမန်တော်ကွယ်လွန်ကြောင်းကို သိကြ၏၊ အကယ်၍ ထိုဂျင်တို့သည် တမန်တော်ကွယ်လွန်စက ထိုအကြောင်းကို သိကြလျှင် မုချဧကန်တမန်တော်ပေးသောသေးသိမ်နုံခြာသည့် အလုပ်ကို ဆက်လက်လုပ်နေကြမည်မဟုတ်ချေ။ |
| Hashim Tin Myint ထို့နောက် ငါအရှင်မြတ်သည် ထို(တမန်တော်)စုလိုင်မာန်၏အပေါ်တွင် သေခြင်းကို ပြဋ္ဌာန်တော်မူသည့်အခါ ၎င်း၏တောင်ဝှေးကိုစားနေသော မြေပိုး(ခြကောင်)မှလွဲ၍ ၎င်းသေဆုံးပြီဖြစ်ကြောင်း ထိုဂျင်န်များအား မည်သူကမျှ ညွှန်ပြအသိမပေးခဲ့ကြပေ။ ထို့နောက် ၎င်းသည် လဲကျသွားသည့်အခါ ဂျင်န်များသည် အမှန်စင်စစ် သူတို့သည် အကွယ်ကိုသာ သိကြလျှင် ဤသေးသိမ်စေသော ဒုက္ခထဲတွင် ဆက်လက်နေခဲ့ကြမည် မဟုတ်ပေဆိုသည်ကို သိသွားခဲ့ကြသည်။ |