×

(ထိုဂျင်န်တို့သည် တမန်တော်စုလိုင်မာန်အတွက်) သူအလိုရှိသမျှသော ကြီးကျယ်သည့် အထွတ်အမြတ်အဆောက်အအုံများ၊ (ကျောက်၊ ကြေးနီ၊ ဖန် စသည်ဖြင့် ထွင်းထုသောသက်မဲ့) ပန်းပုရုပ်များ၊ ရေလှောင် 34:13 Burmese translation

Quran infoBurmeseSurah Saba’ ⮕ (34:13) ayat 13 in Burmese

34:13 Surah Saba’ ayat 13 in Burmese (البورمية)

Quran with Burmese translation - Surah Saba’ ayat 13 - سَبإ - Page - Juz 22

﴿يَعۡمَلُونَ لَهُۥ مَا يَشَآءُ مِن مَّحَٰرِيبَ وَتَمَٰثِيلَ وَجِفَانٖ كَٱلۡجَوَابِ وَقُدُورٖ رَّاسِيَٰتٍۚ ٱعۡمَلُوٓاْ ءَالَ دَاوُۥدَ شُكۡرٗاۚ وَقَلِيلٞ مِّنۡ عِبَادِيَ ٱلشَّكُورُ ﴾
[سَبإ: 13]

(ထိုဂျင်န်တို့သည် တမန်တော်စုလိုင်မာန်အတွက်) သူအလိုရှိသမျှသော ကြီးကျယ်သည့် အထွတ်အမြတ်အဆောက်အအုံများ၊ (ကျောက်၊ ကြေးနီ၊ ဖန် စသည်ဖြင့် ထွင်းထုသောသက်မဲ့) ပန်းပုရုပ်များ၊ ရေလှောင် ကန်ကြီးတမျှရှိသော ဇလုံများ၊ အင်တုံများနှင့် (မပြောင်းမရွှေ့နိုင်သော) ဘွိုင်လာအိုးကြီးများ ပြုလုပ်ပေးကြ၏။ (အရှင်မြတ်က တမန်တော် ဒါဝူးဒ်အား) အို ဒါဝူးဒ်၏မိသားစုအသိုင်းအဝိုင်းတို့၊ သင်တို့ သည် (သီလဆောက်တည်၍) ကျေးဇူးသိတတ်လျက် အလုပ်လုပ်ကြလော့။ စင်စစ်သော်ကား ငါအရှင်မြတ်၏အစေခံလူသားတို့အနက် အနည်းငယ်မျှသည်သာ ကျေးဇူးသိတတ်ကြ၏။

❮ Previous Next ❯

ترجمة: يعملون له ما يشاء من محاريب وتماثيل وجفان كالجواب وقدور راسيات اعملوا, باللغة البورمية

﴿يعملون له ما يشاء من محاريب وتماثيل وجفان كالجواب وقدور راسيات اعملوا﴾ [سَبإ: 13]

Ba Sein
၁၃။ ထိုဂျင်တို့သည် တမန်တော်စိုလိုင်မာန် အလိုရှိသမျှကို လုပ်ပေးကြ၏၊ သူတို့ပြုလုပ်ကြသည့်အလုပ်များမှာ ယဟူဒီဝတ်ကျောင်းများ၊ ရုပ်တုများ၊ ရေတွင်းသဖွယ်ကြီးသောအိုးခွက်များ၊ မြေအတွင်းထိုးဖောက်ပြုလုပ်ထား သောအိုးကြီးများဖြစ်ကြ၏၊ အို-ဒါဝတ်၏ အမျိုးအနွယ်အပေါင်းတို့၊ ငါ၏ ဂုဏ်ကျေးဇူးတော်ကို ချီးကျူးကြလော့၊ ငါ၏ ကျေးတော်မျိုးကျွန်တော်မျိုးများအနက် အနည်းငယ်မျှသာ ကျေးဇူးတော်ကို သိကြ၏။
Ghazi Mohammad Hashim
ထိုဂျင်န်တို့သည် ထိုစုလိုင်မာန်၏ အကျိုးငှာ၎င်းအလိုရှိသော ကြီးကျယ်သောအဆောက်အအုံများကို လည်းကောင်း၊(ကျောက်၊ ကြေးနီ၊ ဖန် စသည်များဖြင့်ပြီးသော) ရုပ်တုများကိုလည်းကောင်း၊ ရေကန်ကြီးများတမျှရှိ ဇလုံ၊ အင်တုံများကိုလည်းကောင်း၊ မပြောင်း မရွှေ့နိုင်သော အိုးကြီးများကိုလည်းကောင်း၊ ပြုလုပ်ပေးကြကုန်၏။ (ထို့ပြင် ငါအရှင်မြတ်သည်ဤသို့ မိန့်ကြား တော်မူခဲ့၏) အို-ဒါဝူဒ် ၏သား၊မြေး၊ အိမ်သူအိမ်သားတို့၊ အသင်တို့သည် ကျေးဇူးသိတတ်သော အနေနှင့်ကောင်းမှုပြုကြလေကုန်။ စင်စစ်သော်ကား ငါအရှင်မြတ်၏ကျွန်တို့အနက် ကျေးဇူးသိတတ်ကြ သောသူတို့မှာ နည်းပါးလှပေသတည်း။
Hashim Tin Myint
ထိုဂျင်န်များသည် ၎င်းအတွက် ၎င်းအလိုရှိ‌သော ကြီးကျယ်သည့်အ‌ဆောက်အအုံများ၊ ရုပ်တုများ၊ ‌ရေကန်ကြီးခန့်ရှိသည့် ဇလုံများ၊ မ‌ပြောင်းမ‌ရွှေ့နိုင်‌သော အိုးကြီးများကို ပြုလုပ်‌ပေးကြသည်။ (ထို့ပြင် ငါအရှင်မြတ်သည် ဤသို့ မိန့်ကြား‌တော်မူခဲ့သည်)။ အို- ဒါဝူဒ်၏မျိုးနွယ် အိမ်သူအိမ်သားအ‌ပေါင်းတို့၊ အသင်တို့သည် ‌ကျေးဇူးသိတတ်သည့်အ‌နေဖြင့် ‌ကောင်းမှုပြုကြပါ။ ထို့ပြင် အရှင်မြတ်၏ကျွန်များထဲတွင် ‌ကျေးဇူးသိတတ်သူများသည် အလွန်နည်းသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek