Quran with Burmese translation - Surah Saba’ ayat 2 - سَبإ - Page - Juz 22
﴿يَعۡلَمُ مَا يَلِجُ فِي ٱلۡأَرۡضِ وَمَا يَخۡرُجُ مِنۡهَا وَمَا يَنزِلُ مِنَ ٱلسَّمَآءِ وَمَا يَعۡرُجُ فِيهَاۚ وَهُوَ ٱلرَّحِيمُ ٱلۡغَفُورُ ﴾
[سَبإ: 2]
﴿يعلم ما يلج في الأرض وما يخرج منها وما ينـزل من السماء﴾ [سَبإ: 2]
Ba Sein ၂။ အရှင်မြတ်သည် မြေထဲသို့ ဝင်သွားသောအရာဝထ္ထုများ၊ မြေမှ ထွက်ပေါ်လာသောအရာဝထ္ထုများ၊ အထက် ကောင်းကင်ဘုံမှ သက်သောအရာဝထ္ထုများ၊ ကောင်းကင်ဘုံမှ တက်သောအရာဝထ္ထုများကို သိတော်မူ၏၊ စင်စစ်အားဖြင့်အရှင်မြတ်သည် အနန္တကောင်းကြီးမင်္ဂလာတော်သခင်၊ အပြစ်လွှတ်တော်မူထသောအရှင်ဖြစ်တော် မူ၏။ |
Ghazi Mohammad Hashim ထိုအရှင်မြတ်သည် ပထဝီမြေအတွင်းသို့ ဝင်သောအရာများကိုလည်းကောင်း၊ ယင်းပထဝီမြေ အတွင်းမှထွက်သောအရာများကို လည်းကောင်း၊ မိုးကောင်းကင်မှ သက်ဆင်းသောအရာများကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်သို့တက်သွားသော အရာများကိုလည်းကောင်း၊ (အလုံးစုံတို့ကို)ကောင်း မွန်စွာ သိရှိတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်အလွန်တရာ သနားကြင်နာတော်မူသောအရှင်၊ အလွန်တရာခွင့်လွှတ် ချမ်းသာပေးတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint ထိုအရှင်မြတ်သည် မြေပထဝီထဲသို့ ဝင်သည့်အရာများကိုလည်းကောင်း၊ ၎င်းထဲအလွန်သနားကြင်နာတော်မူသောအရှင်မှ ထွက်သည့်အရာများကိုလည်းကောင်း၊ မိုးကောင်းကင်မှ ဆင်းသက်သည့်အရာများကိုလည်းကောင်း၊ ၎င်းသို့တက်သွားသည့်အရာများကိုလည်းကောင်း သိရှိတော်မူသည်။* ထို့ပြင် အရှင်မြတ်သည် အလွန်သနားကြင်နာတော်မူသောအရှင်၊ အလွန်လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင် ဖြစ်တော်မူသည်။ |