Quran with Burmese translation - Surah Saba’ ayat 3 - سَبإ - Page - Juz 22
﴿وَقَالَ ٱلَّذِينَ كَفَرُواْ لَا تَأۡتِينَا ٱلسَّاعَةُۖ قُلۡ بَلَىٰ وَرَبِّي لَتَأۡتِيَنَّكُمۡ عَٰلِمِ ٱلۡغَيۡبِۖ لَا يَعۡزُبُ عَنۡهُ مِثۡقَالُ ذَرَّةٖ فِي ٱلسَّمَٰوَٰتِ وَلَا فِي ٱلۡأَرۡضِ وَلَآ أَصۡغَرُ مِن ذَٰلِكَ وَلَآ أَكۡبَرُ إِلَّا فِي كِتَٰبٖ مُّبِينٖ ﴾
[سَبإ: 3]
﴿وقال الذين كفروا لا تأتينا الساعة قل بلى وربي لتأتينكم عالم الغيب﴾ [سَبإ: 3]
Ba Sein ၃။ မိစ္ဆာဒိဋ္ဌိတို့က အချိန်နာရီတော်ကြီးသည် ငါတို့ထံသို့ ဘယ်သောအခါမျှကျရောက်လာမည်မဟုတ်ဟု ဆိုကြ၏၊ ထိုသို့မဟုတ်ချေ၊ ငါ၏အရှင်သခင်၏ တန်ခိုးတော်ကြောင့် ထိုအချိန်နာရီသည် သင်တို့အပေါ်၌ ကျရောက်လာမည် သာတည်း၊ အရှင်မြတ်သည် မမြင်စွမ်းနိုင်သောအရာဝထ္ထုအပေါင်းတို့ကို သိတော်မူ၏၊ ကောင်းကင်နှင့်မိုးမြေ ရှိသမျှအထွေထွေဝထ္ထုများသည် အဏုမြူပမာဏသေးဖွလှသော်လည်းကောင်း၊ အဏုမြူထက်သေးငယ်သော် လည်းကောင်း၊ အဏုမြူထက်ကြီးသော်လည်းကောင်း၊ တစ်စုံတစ်ခုမျှအရှင်မြတ်၏ ဒိဗ္ဗစက္ခုတော်မှ ဖုံးကွယ်လွတ် မြောက်သည်မရှိ၊ ထင်ရှားကြီးကျယ်သောစာရင်းစာအုပ်တော်ကြီးတွင် အကုန်အစင်မှတ်ပုံတင်ပြီးရှိ၏။ |
Ghazi Mohammad Hashim စင်စစ်သော်ကား ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့က ရှင်ပြန်ထရမည့် အချိန်ကာလသည် ကျွန်ုပ်တို့ထံဆိုက်ရောက်လာမည်မဟုတ် ဟု ဆိုကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) ငါ့အားမွေးမြူဖန်ဆင်းတော်မူသော၊ အကွယ်၌ရှိသည်တို့ကို သိမြင်တော်မူသော၊ အရှင်မြတ်၏ ကစမ်၊ ယင်းရှင်ပြန်ထမည့်အချိန် ကာလသည် အသင်တို့ထံ အမှန်ပင် ဆိုက်ရောက်လာမည်။ မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ အဏုမြူခန့်မျှသောဝတ္ထုပစ္စည်းသည်ပင်လျှင် ထိုအရှင်မြတ်၏ အသိပညာမှကွယ်ပျောက်နေသည်ဟူ၍မရှိပေ။ စင်စစ်သော်ကား ယင်းအဏုမြူ ထက်သေးငယ်သော အရာဝတ္ထုပင်ဖြစ်စေ၊ (ယင်းအဏုမြူထက်)ကြီးသော အရာဝတ္ထုပင်ဖြစ်စေ၊ ထင်ရှားစွာသောမှတ်တမ်းစာအုပ်တွင် (ရေးသားပြီး)ဖြစ်ပေသည်။ |
Hashim Tin Myint ထို့ပြင် ကာဖိရ်များက ကျွန်ုပ်တို့ထံသို့ “ကိယာမသ်နေ့ဆိုက်ရောက်လာမည် မဟုတ်ပေ“ဟု ပြောဆိုကြသည်။ (အို- တမန်တော်)အသင်ပြောလိုက်ပါ- ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်ဖြစ်သော အကွယ်၌ရှိသည်များကို သိမြင်တော်မူသော အရှင်မြတ်ကို တိုင်တည်ပြောသည်၊ ထိုနေ့သည် အမှန်ပင် အသင်တို့ထံသို့ ရောက်လာလိမ့်မည်။ မိုးကောင်းကင်များနှင့် မြေပထဝီတွင် အဏုမြူခန့်ရှိသည့်အရာသည်လည်း အရှင်မြတ်၏အသိမှ ပျောက်ကွယ်မနေပေ။ ထို့ပြင် ထိုအဏုမြူခန့်ရှိသည့်အရာထက်သေးသည့်အရာဖြစ်စေ၊ ကြီးသည့်အရာဖြစ်စေ ထင်ရှားသော မှတ်တမ်းစာအုပ်တွင် (ရေးမှတ်ထားပြီး)ဖြစ်သည်။ |