×

စင်စစ်သော်ကား ငါအရှင်မြတ်သည် မည်သူက နောင်တမလွန်ဘဝနှင့်စပ်လျဉ်း၍ ယုံကြည်ပြီး မည်သူက ယင်းနှင့်စပ်လျင်း၍ ဒွိဟသံသယ၌ ရှိသည်ကို ခွဲခြားသိမြင်စေတော်ရန် (စေတန်မကောင်းဆိုးဝါးအား ဖြင့် 34:21 Burmese translation

Quran infoBurmeseSurah Saba’ ⮕ (34:21) ayat 21 in Burmese

34:21 Surah Saba’ ayat 21 in Burmese (البورمية)

Quran with Burmese translation - Surah Saba’ ayat 21 - سَبإ - Page - Juz 22

﴿وَمَا كَانَ لَهُۥ عَلَيۡهِم مِّن سُلۡطَٰنٍ إِلَّا لِنَعۡلَمَ مَن يُؤۡمِنُ بِٱلۡأٓخِرَةِ مِمَّنۡ هُوَ مِنۡهَا فِي شَكّٖۗ وَرَبُّكَ عَلَىٰ كُلِّ شَيۡءٍ حَفِيظٞ ﴾
[سَبإ: 21]

စင်စစ်သော်ကား ငါအရှင်မြတ်သည် မည်သူက နောင်တမလွန်ဘဝနှင့်စပ်လျဉ်း၍ ယုံကြည်ပြီး မည်သူက ယင်းနှင့်စပ်လျင်း၍ ဒွိဟသံသယ၌ ရှိသည်ကို ခွဲခြားသိမြင်စေတော်ရန် (စေတန်မကောင်းဆိုးဝါးအား ဖြင့် စမ်းသပ်တော်မူခြင်း) မှအပ စေတန်မကောင်းဆိုးဝါးက သူတို့အပေါ် (လွှမ်းမိုးလျက် သူတို့အား အတင်းအကျပ်လုပ်စေရန်) သူ့၌ မည်သည့် အခွင့်အာဏာမျှ မရှိပေ။ အသင် (တမန်တော်) အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် စည်းမျဉ်းဩဇာ လွှမ်းမိုးတော်မူ၍ စွမ်းဆောင်နိုင်တော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို စောင့်ကြည့်တော်မူလျက် မှတ်တမ်းတင် ထိန်းသိမ်းထားတော်မူသောအရှင်ပင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: وما كان له عليهم من سلطان إلا لنعلم من يؤمن بالآخرة ممن, باللغة البورمية

﴿وما كان له عليهم من سلطان إلا لنعلم من يؤمن بالآخرة ممن﴾ [سَبإ: 21]

Ba Sein
၂၁။ အမှန်ဆိုသော်ရှိုင်တန်မာရ်န်တ်၌ ထိုသူတို့ကို ဖျက်ဆီးရန် အခွင့်မရှိချေ၊ ငါသည် နောင်တမလွန်ဘဝကိုယုံကြည် သူများအား ၎င်းဘဝကို မယုံကြည်သူတို့မှ ခွဲထုတ်ရန် စုံစမ်းခြင်းကြောင့် ရှိုင်တန်မာရ်နတ်သည် မိစ္ဆာတို့အား ဖျက်ဆီးနိုင်လေ၏၊ အို-မိုဟမ္မဒ်၊ သင်၏အရှင်သခင်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့မှတ်ထားတော်မူ၏။
Ghazi Mohammad Hashim
စင်စစ်သော်ကား ထို အီဗ်လီစ် သည် ၎င်းတို့အပေါ်၌ လွှမ်းမိုးနိုင်ခဲ့ခြင်းမှာ ငါအရှင်မြတ်သည် အာခိရတ်တမလွန်ဘဝကို ယုံကြည်သော သူတို့အား ယင်းအာခိရတ်တမလွန်ဘဝနှင့်စပ်လျဉ်း၍ ဒွိဟသံသယ၌ ရှိနေသောသူတို့နှင့်ခွဲခြား၍ သိတော်မူရန်သာလျှင်ဖြစ်ခဲ့၏။ စင်စစ်သော်ကားအသင့်အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်သည်အရာခပ်သိမ်းတို့အပေါ်၌ ထိန်းသိမ်း စောင့်ရှောက်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
Hashim Tin Myint
ထို့ပြင် ထိုအိဗ်လီစ်သည် သူတို့အ‌ပေါ်တွင် လွှမ်းမိုးနိုင်ခဲ့ခြင်းမှာ ငါအရှင်မြတ်က တမလွန်ဘဝကို ယုံကြည်သူများအား ထိုတမလွန်ဘဝနှင့်ပတ်သက်ပြီး သံသယရှိသူများနှင့် ခွဲခြားသိ‌တော်မူရန်အတွက်ပင် ဖြစ်ခဲ့သည်။* ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အရာအားလုံးကို ထိန်းသိမ်း‌စောင့်‌ရှောက်‌တော်မူ‌သော အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek